会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

တနဘတ ပွဲတော်

02.07.2020

တနဘတ ပွဲတော်

 

တနဘတ ပွဲတော်ကို နှစ်စဥ် ဇူလိုင်လ ၇ရက်နေ့မှာ ကျင်းပပါတယ်။ ပွဲတော်နီးကပ်လာတာနှင့်အမျှ  စျေး၀ယ်စင်တာများမှာ ဆုတောင်းစာရွက်များဖြင့် အလှဆင်ထားလေ့ရှိကြပါတယ်။ 

အဘယ်ကြောင့် တနဘတ ဓလေ့ ရှိနေတာလဲ? 

လူအများသိရှိကြတဲ့ဒဏ္ဍရီအဆိုများအရ ကောင်းကင်ဘုံမှ ယက္ကန်းရက်ရာတွင် ထူးချွန်တဲ့ နတ်ဘုရား၏ သမီးတော် အိုရိဟိမဲနှင့် နွားကျောင်းသား ဟိကိုဘိုရှိတို့ ချစ်မေတ္တာသက်ဝင် လက်ထပ်ခဲ့ကြပြီး နှစ်ယောက်စလုံး အလုပ်မလုပ်ဘဲ ပျော်ပါးရင်ဖြင့်သာ အချိန်ကုန်ကြသတဲ့။ နတ်ဘုရားလည်း စိတ်ဆိုးပြီး ထိုနှစ်ယောက်သားကို ကောင်းကင်တစ်ဖက်ခြမ်းစီ ခွဲပြီး ထားလိုက်သတဲ့။ နှစ်ယောက်စလုံး ၀မ်းနည်းစွာ နေကြရပြီး အလုပ်မလုပ်နိုင် ဖြစ်နေကြပါတော့တယ်။  ဒါကို နတ်ဘုရားက တွေ့မြင်တဲ့အတွက် အလုပ်ကြိုးကြိုးစားစားလုပ်မယ်ဆိုလျှင် တစ်နှစ်လျှင်တစ်ကြိမ် တနဘတနေ့မှာ ပြန်လည်တွေ့ဆုံဖို့ လက်ခံခွင့်ပြုလိုက်သတဲ့။

 

မိတ်ဆွေတို့လည်း ဂျပန် တနဘတ ပွဲတော် ဆုတောင်းစာရွက်တွေမှာ  နည်းပညာကျွမ်းကျင်မှုတွေ မြင့်မားလာစေဖို့ ဆုတောင်းစာရေးရင်း ပါ၀င်ဆင်နွဲကြဖို့တိုက်တွန်းလိုက်ပါတယ်။