会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

စားသောက်ဆိုင်တွင် လိုက်နာရမည့်အချက်များ။

14.07.2020

စားသောက်ဆိုင်တွင် လိုက်နာရမည့်အချက်များ။

 

ဂျပန်တွင် စားသောက်ဆိုင်သို့ ၀င်သောအခါတွင် တခြားဆိုင်များမှ၀ယ်လာသော စားစရာသောက်စရာများကို ယူဆောင်သွားခြင်းသည် မယဥ်ကျေးသော အပြုအမှုဖြစ်သည်။

petbottle ရေသန့်ဘူးများယူဆောင်သွားခြင်းကိုပင် ဆိုင်၀န်ထမ်းမှ တစ်မျိုးမြင်နိုင်သည့်အတွက်အိပ်များအတွင်းသို့ ထည့်သယ်သွားကြပါ။ 

 

ဆိုင်တွင် အစားသောက်များကို အနည်းဆုံး တစ်ဦးလျှင် တစ်ပွဲစီ မှာယူကြပါ။ အစားအသောက်များကို မမှာယူဘဲ ဆက်တိုက်ထိုင်နေပါက အခြား စားသောက်ချင်သူများလည်း စားသောက်လို့မရဖြစ်ကာ ဆိုင်အတွက်လည်း အခက်တွေ့စေနိုင်ပါသည်။ ထိုသို့ပြုလုပ်ပါက ဆိုင်၀န်ထမ်းများထံမှ သတိပေး ပြောကြားခံရနိုင်ပါသည်။

 

ထိုသို့မဖြစ်စေရန် ပတ်ဝန်းကျင်ရှိ လူများအား အနှောင့်အယှက်ဖြစ်စေမည့် အပြုအမူများကို သတိထားရှောင်ကြဉ်ပြီး အမူအကျင့်ကောင်းများကို ပြုမူလိုက်နာကြပါစို့။