会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

Tenpura ကြော် 

16.07.2020

Tenpura ကြော် 

 

Tenpura ဟာ ဂျပန်ကိုယ်စားပြုစားစရာတစ်မျိုးဖြစ်ပါတယ်။ စားသုံးဆီကို မီးဖြင့်အပူပေးပြီး ထိုဆီပူထဲကို ပါဝင်ပစ္စည်း အဆာပလာတွေ ထည့်ကြော်ရတဲ့ စားစရာတစ်မျိုးဖြစ်ပါတယ်။ 

ဂျုံမှုန့်နှင့်ရေကိုရောထားတဲ့ မုန့်နှစ်ထဲကို ပါဝင်ပစ္စည်းတွေနှစ်ပြီး ဆီနှင့် ကြော်ရတဲ့ ဟင်းပွဲတစ်မျိုး ဖြစ်ပါတယ်။ မုန့်နှစ်ထဲကို ကြက်ဥခေါက်ထည့်တဲ့ အခါလည်းရှိပါတယ်။ ပုဇွန်၊ ငါးအသေး၊ ပြည်ကြီးငါး စတဲ့ ပင်လယ်စာအကြော်များ၊ အသီးအရွက်တို့ဖြင့် ကြော်ထားတဲ့ အကြော်များ၊ ဂုံးသား၊ ပုဇွန်ဆိတ်နှင့် အသီးအရွက် တွေကို ရောကြော်ထားတဲ့ အကြော်များ စသဖြင့် Tenpuraကြော် အမျိုးမျိုးရှိပါတယ်။ 

Tenpura ကြော်ကို အများအားဖြင့် Tentsuyu လို့ခေါ်တဲ့ Tenpura ဆော့တစ်မျိုးနှင့် တွဲစားလေ့ရှိသလို ဆားအနည်းငယ်ဖြူး၍လည်း စားသုံးနိုင်ပါတယ်။ Tenpura ကြော်ကို ကြော်ပြီးပြီးချင်း ပူပူနွေးနွေးဖြင့် အရသာရှိစွာ သုံးဆောင်နိုင်တဲ့အတွက် လူကြိုက်များတဲ့ စားစရာတစ်မျိုးဖြစ်ပါတယ်။ သို့သော်လည်း ဆီကြော်ဖြစ်တဲ့အတွက် ကယ်လိုရီပါဝင်နှုန်း မြင့်မားပါတယ်။ 

Tenpura ကြော်ဟာ ဂျပန်ရိုးရာ စားစရာများထဲမှာ မရှိမဖြစ် ပါဝင်ရမည့် ဟင်းပွဲတစ်ခု ဖြစ်ပါတယ်။ နှစ်စဥ်တိုးပွါးလျှက်ရှိတဲ့ နိုင်ငံခြားသားခရီးသွားများကြားမှာလည်း  “မြည်းစမ်းကြည့်ချင်တဲ့ ဂျပန်အစားအစာ” “အရသာကောင်းတဲ့ဂျပန်အစားအစာ” လို့ ဆိုကြပြီး အလွန်ရေပန်းစား လူကြိုက်များတဲ့ ဂျပန်အစားအစာ တစ်မျိုး  ဖြစ်ပါတယ်။  

မိတ်ဆွေတို့လည်း သူငယ်ချင်းများနှင့် Tenpura ကြော်ကို မြည်းစမ်းကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။