会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

ခွင့်တောင်းစကား ပြောကြားခြင်း အပြုအမူ

28.07.2020

ခွင့်တောင်းစကား ပြောကြားခြင်း အပြုအမူ

 

ဂျပန်နိုင်ငံသည် စည်းမျဉ်းများကို လိုက်နာပြီး အမူအကျင့်ကောင်းများကို ထိန်းသိမ်းထားသော နိုင်ငံဖြစ်ပါသည်။ ခွင့်တောင်းစကား ပြောကြာသည့် အပြုအမူကိုလည်း အရေးကြီးသော အမူအကျင့်ကောင်းတစ်ခုအဖြစ် မှတ်ယူကြပါသည်။

 

ခရီးသွားရာတွင် ဓါတ်ပုံမရိုက်မီ၊ တစ်စုံတစ်ခုကို ထိတွေ့ကိုင်တွယ်ခြင်း မပြုမီ မေးမြန်းခွင့်တောင်းကြပါစို့။ ဥပမာ စားသောက်ဆိုင်၌ စားစရာများကို မှာယူရာတွင် “တဆိတ်လောက် စားစရာမှာချင်လို့ ရနိုင်မလား” ဟုအသံပြု မေးမြန်းခွင့်တောင်းပါ။

ထို့ပြင် အလှဆင် ပြသထားသည့် ပစ္စည်းများကို ကိုင်တွယ်ကြည့်ရှုလိုပါက “ကိုင်ကြည့်လို့ရပါသလား” ဟု မေးမြန်းခွင့်တောင်းပါ။ ခွင့်တောင်းခြင်းဖြင့် တဖက်လူမှ မိမိအား ယဥ်ကျေးသောသူအဖြစ် သတ်မှတ်ပြီး မလိုလားအပ်သော ပြဿနာများကိုလည်း ရှောင်ရှားနိုင်သဖြင့် အမြဲတစေ မှတ်သားလိုက်နာသင့်သော အပြုအမှုဖြစ်ပါသည်။

 

ဂျပန်နိုင်ငံတွင်နေထိုင်သည်နှင့်အမျှ စည်းမျဉ်းများနှင့် အမူအကျင့်ကောင်းများကို လိုက်နာထိန်းသိမ်းကြပါစို့နော်။