会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

Nabe ဟင်းလျာ

30.07.2020

Nabe ဟင်းလျာ

 

ဂျပန်နိုင်ငံတွင် ချမ်းအေးသောရာသီရောက်ပြီဆိုသည်နှင့် ကွန်ဗီနီ စတိုးဆိုင်များနှင် စူပါမားကက်များတွင် Nabe ဟင်းလျာအတွက် သားငါးအသီးအရွက်များကို ခင်းကျင်းရောင်းချကြပါသည်။ 

Nabe ဟင်းလျာဆိုသည်မှာ ရာသီအလိုက်သားငါးအသီးအရွက်များကို အိုး(Nabe)ထဲသို့ ထည့်ချက်၍ ကျက်လျှင် အပူပေးရင်း ဖြည်းဖြည်းချင်း စားသောက်သည့် ဟင်းလျာတစ်မျိုး ဖြစ်ပါသည်။ Nabeဟင်းလျာကို ချက်ပြုတ်ရန်အတွက် မြေအိုးသို့ သတ္တုအိုး လိုအပ်ပါသည်။ သာမာန် စားသောက်ပွဲများနှင့် Home Party များတွင် မိသားစု၊ သူငယ်ချင်းများနှင့်အတူ အိုးအကြီးဖြင့် ချက်ပြုတ်၍ စားသောက်လေ့ရှိပါသည်။ မကြာသေးသောအချိန်ကာလမှစ၍ ဂျပန်တွင် တစ်ဦးတည်းနေထိုင်သူများ တိုးပွါးလာလျှက်ရှိသည့်အတွက် တစ်ယောက်စာ ချက်ပြုတ်ရန် Nabe(အိုး)များ ရောင်းချလျှက်ရှိပါသည်။ ဂျပန်နိုင်ငံအဝှမ်းတွင် Nabe ဟင်းလျာ အမျိုးအစား အမျိုးမျိုးရှိသည့်အထဲမှ အောက်ပါ (၃)မျိုးကို မိတ်ဆက်ရေးသားသွားပါမည်။ 

 

1.Mizuni no Nabe:ရေ၊ Dashi ဖြင့် ပါဝင်ပစ္စည်းများကို ထည့်ချက်ပြီး မိမိစိတ်ကြိုက် ပမာဏကို ဆယ်ယူကာ အထူးပြုလုပ်ထားသော ဆော့ဖြင့် စားသည်။ 

 

  1. Usuaji no Nabe:အရသာပေါ့သော Nabe ဟင်းလျာ အမျိုးအစားဖြစ်သည်။ ဥပမာ

Chanko Nabe၊ အိုဒင်း စသည့် ဟင်းလျာများဖြစ်သည်။

 

  1. Koaji no Nabe :အရသာလေးသော Nabe။ အရသာလေးသော ပဲငံပြာရည်၊ Miso တို့ဖြင့် ချက်ပြုတ်ပြီး ဟင်းရည်အနည်းငယ်သာပါသော Nabe ဖြစ်သည်။  Sukiyaki နှင့် Motsu Nabe ခေါ်  ကလီဇာ Nabe ဟင်းလျာများမှာ အရသာလေးသော Nabe အမျိုးအစားများ ဖြစ်သည်။

 

မိတ်ဆွေတို့လည်း ဘယ်လိုသဘောရပါသလဲ? ဂျပန် Nabe ဟင်းလျာကို စားသုံးကြည့်ပါလို့တိုက်တွန်းလိုက်ပါတယ်။