会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

လက်သုတ်ပု၀ါ ပေးကမ်းခြင်း အလေ့အထ။

11.08.2020

လက်သုတ်ပု၀ါ ပေးကမ်းခြင်း အလေ့အထ။

 

လက်ချောင်များအေးစက်နေသာအချိန်ကာလ၊ ပူ၍ချွေးထွက်သောအချိန်ကာလများတွင် အလည်လာသူများနှင့် စားသောက်ဆိုင်လာသူများကို လက်သုတ်ပု၀ါများ ပေး‌‌‌ဝေခြင်းသည် ၀မ်းမြောက်ဖွယ်ကောင်းသောအရာဖြစ်ပါသည်။ တမင်တကာ လက်သုတ်ပု၀ါများကို ပြင်ဆင်ပေးထားသော တစ်ဖက်လူ၏ ဂရုစိုက်မှုကို နားလည်ပြီး၊ လက်သုတ်ပု၀ါအသုံးပြုနည်းကို မှတ်သားထားကြပါစို့။

 

■ဘယ်လက်ဖြင့်ယူ၍ ညာလက်ဖြင့်ပြောင်းကိုင်ပါ။ အသုံးပြုပြီးနောက် ခေါက်၍ ပြန်ထားပါ။

လက်သုတ်ပု၀ါကို ပထမဦးစွာ ညာလက်ဖြင့်ယူ၍ ဘယ်ဘက်လက်ဖြင့်ပြောင်းကိုင်ပြီး သုတ်မည်။ အသုံးပြုပြီးနောက် ခေါက််၍ ထားမည်။လက်သုတ်ပု၀ါထားသည့်အောက်ခံပြားရှိပါကထိုအပြားပေါ်၌ပြန်ထားမည်။အိတ်ထဲထည့်ထားသော လက်သုတ်ပု၀ါဖြစ်ပါက အသံမထွက်အောင်ဖောက်ဖွင့်၍ ဖောက်ပြီးသားအိတ်ပြန့်မကျဲသွားစေရန် လက်သုတ်ပု၀ါအောက်တွင် ခင်း၍ထားမည်။ လက်သုတ်ပု၀ါကို လက်ခံရာတွင် ရိုကျိုးသိမ်မွေ့မှုရှိစေရန် သတိပြုပါ။