会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

Tip(ဘောက်ဆူး)ငွေပေးခြင်း အလေ့အထ

13.08.2020

Tip(ဘောက်ဆူး)ငွေပေးခြင်း အလေ့အထ

 

ဂျပန်တွင် tipငွေပေးခြင်း အလေ့အထမရှိပါ။ 

ဂျပန်စားသောက်ဆိုင်တွင် နိုင်ငံခြားသားတစ်ယောက် စားသောက်ပြီး၍ ပြန်လည်ထွက်ခွါသောအခါ စားပွဲပေါ်တွင် တင်ထားခဲ့သော ယန်းတစ်ရာကို မေ့ကျန်ခဲ့သည်ဟု ထင်မှတ်ပြီး  ဆိုင်၀န်ထမ်းမှ တကူးတက ပြန်လာပေးသော အဖြစ်အပျက်များလည်း ရှိခဲ့သည်ဟု ဆိုကြပါသည်။ အကြောင်းမှာ ဂျပန်နိုင်ငံရှိ ဆိုင်များနှင့် ဟိုတယ်များတွင် သင်ပေးဆောင်ရမည့် ဘေလ်များထဲတွင် ဝန်ဆောင်ခ ပါဝင်ပြီး ဖြစ်သည့်အတွက် ထပ်မံပေးဆောင်ရန် မလိုအပ်သောကြောင့်ဖြစ်သည်။ 

 

ဂျပန်လူမျိုးများသည် အလုပ်နှင့်ပတ်သက်၍ သိက္ခာရှိသူ များဖြစ်သည့်အတွက် tipငွေပေးခြင်းမပေးခြင်းနှင့် မဆိုင်ဘဲ တူညီသော ဝန်ဆောင်မှုကိုသာ ပေးပါလိမ့်မည်။ tipငွေရရှိရန်အတွက် ဝန်ဆောင်မှုကို ပိုမိုကြိုးစားအားထုတ်ပေးခြင်းမျိုး မရှိပါ။ tipငွေပေးခံရသော ထိုဝန်ထမ်းအနေဖြင့်လည်း စိတ်မနှစ်မြို့မှု ဖြစ်သွားနိုင်ပါသည်။ 

 

မိတ်ဆွေတို့လည်း ဂျပန်၌ စျေး၀ယ်ရာတွင် tip ငွေပေးခြင်းနှင့် ပတ်သက်၍ အထူး သတိပြုစေလိုပါသည်။