会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

ဓါတ်လှေကားစီးနင်းရာတွင် အထက်လူကြီးများနှင့် ဧည့်သည်များကို ဦးစားပေးပါ။ 

29.09.2020

ဓါတ်လှေကားစီးနင်းရာတွင် အထက်လူကြီးများနှင့် ဧည့်သည်များကို ဦးစားပေးပါ။ 

 

ဂျပန်နိုင်ငံရှိအလုပ်ခွင်အတွင်း ဓါတ်လှေကားစီးနင်းရာတွင် ပြုမူလေ့ရှိသော ကျင့်၀တ်များရှိပါသည်။ အလုပ်ခွင်ပေါ်မူတည်သော်လည်း ဂျပန်နိုင်ငံရှိအလုပ်ခွင်များတွင် အထက်လူကြီးနှင့် လက်အောက်ငယ်သား ရှိတတ်သည်ကိုလည်း နားလည်ထားရန်လိုအပ်ပါသည်။ 

 

ဓါတ်လှေကားစီးနည်း။

 

  • ဓါတ်လှေကားထဲတွင် အထက်လူကြီးနှင့် လက်အောက်ငယ်သားများ၏ နေရာအနေအထား။

 

သာမာန်အားဖြင့် လက်အောက်ငယ်သားမျာသည် ဓါတ်လှေကားကိုရွှေ့လျားထိန်းချုပ်ရမည်ဖြစ်ပါသဖြင့် အထက်လူကြီးထက် ဦးစွာဓါတ်လှေကားထဲသို့ ၀င်ရပါမည်။ ဓါတ်လှေကားထဲသို့မ၀င်ခင် အထက်လူကြီးနှင့် ဧည့်သည်များကို “Osakini Shitsureishimasu” ဟု ဦးစွာပြောကြားပါမည်။ ပြီးနောက် လက်အောက်ငယ်သားသည် ဓါတ်လှေကားထိန်းချုပ်ခလုတ်အရှေ့တွင်ရပ်၍ Open ခလုတ်ကို နှိပ်၍ သော်လည်းကောင်း၊ တံခါးကိုလက်ဖြင့်တား၍သော်လည်းကောင်းပြုလုပ်ပါမည်။ ထိုနောက် အထက်လူကြီးသည် ဓါတ်လှေကားအတွင်းဘက်သို့၀င်၍ စီးပါမည်။ 

 

 

  • ဓါတ်လှေကားအတွင်းလက်ကိုင်ဖုန်းအသုံးပြုခြင်းနှင့် စကားပြောခြင်းကို ရှောင်ကြဥ်ပါ။ 

 

 

ဓါတ်လှေကားစီးနင်းလျှင် ဖုန်းကို silent mode လုပ်ထားပါ။ ဖုန်းပြောခြင်း၊ SNS မေးလ် စစ်ဆေးခြင်းများ

ရှောင်ကြဥ်ပါ။ စကားပြောဆိုခြင်း၊ အထူးသဖြင့် အလုပ်တွင်းမှအကြောင်းအရာများ ကို အခြားသူများရှေ့

တွင် မပြောဆိုမိစေရန် စောင့်စည်းထိန်းသိမ်းပါ။ 

 

ဓါတ်လှေကားပေါ်မှဆင်းနည်း။

  • ဓါတ်လှေကားပေါ်မှဆင်းသောအခါတွင် အထက်လူကြီးများကို ဦးစားပေး၍ ဆင်းစေပါမည်။ သာမာန်အားဖြင့်လက်အောက်ငယ်သားများသည် ဓါတ်လှေကားအဖွင့်ခလုတ်ကိုနှိပ်၍ အရင်ဦးစွာအထက်လူကြီးနှင့် ဧည့်သည်များကို ဆင်းခိုင်းလေ့ရှိပါသည်။

 

မိတ်ဆွေတို့လည်း ဓါတ်လှေကားစီးနင်းရာတွင် လိုက်နာသင့်သည်များကို လိုက်နာ၍ ဧည့်သည်များ ကိုဧည့်၀တ်ကျေပွန်စွာကြိုဆိုကြည့်ကြပါစို့လား။