会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

ဘတ်စ်ကားစီးနည်း။

24.11.2020

ဘတ်စ်ကားစီးနည်း။

 

ဂျပန်နိုင်ငံ၏အများပြည်သူပို့ဆောင်ဆက်သွယ်ရေးတွင် အဓိကမှာ လျှပ်စစ်ရထား၊ မြေအောက်ရထားဖြစ်ပြီး တခြားသောပို့ဆောင်ဆက်သွယ်ရေးနည်းလမ်းမှာ ဘတ်စ်ကားဖြစ်သည်။ ဘတ်စ်ကားသည် မြို့ပြများတွင်သာမက တောနယ်များနှင့် လူဦးရေနည်းပါးသောဒေသာများတွင်လည်း ပြေးဆွဲလျက်ရှိသည်။ ဘတ်စ်ကားစီးနင်းရာတွင်အသုံးပြုခငွေပေးချေခြင်းနည်းလမ်းအမျိုးမျိုးရှိကြပါ သည်။ မြို့ပြရှိဘတ်စ်ကားများတွင် အင်္ဂလိပ်စသည့်နိုင်ငံခြားဘာသာစကားအမျိုးမျိုးဖြင့် ရေးသေားထားသောဆိုင်းဘုတ်များ၊ ကြော်ငြာချက်များဖြင့် ရေးသား၊ ဖော်ပြပြောဆိုနေခြင်းများရှိပါသည်။ ထိုကဲ့သို့ နိုင်ငံခြားဘာသာစကားမပါသော ဘတ်စ်ကားများလည်းရှိပါသည်။ ဆက်လက်ပြီးဘတ်စ်ကားအသုံးပြုပုံနှင့် စီးနင်းခပေးချေနည်းစနစ်အ‌ကြောင်းကိုလည်း ရှင်းပြမည်။

 

1.ဘတ်စ်ကား၏ အရှေ့ဘက်တံခါးပေါက်မှတက်၍ စီးမည်။

z၀င်ပြီးနောက်ယာဥ်မောင်းနံဘေးတွင်ရှိသောစက်မှလက်မှတ်ကိုယူမည်။ထိုလက်မှတ်တွင်ရေ းထားသောနံပါတ်ကိုသေချာစွာမှတ်ထားပါ။ICကဒ်ရှိလျှင်sensorပြားတွင်Touchလုပ်ပါ။ ထိုသို့လုပ်ပြီးလျှင် ဘတ်စ်ကားအတွင်းဘက်သို့၀င်၍စီးပါ။

 

2.ဘတ်စ်ကား၏အတွင်းဘက်အရှေ့မျက်နှာတွင်လျှပ်စစ်ဆိုင်းဘုတ်ကိုတပ်ဆင်ထားပါသည်။ ထိုဆိုင်းဘုတ်သည်‌‌ရောက်ရှိနေရာနှင့်နောက်လာမည်ဘတ်စ်ကားမှတ်တိုင်များ၊စီးနင်းခများ ကိုဖော်ပြပေးထားပါသည်။မိမိလက်ထဲရှိလက်မှတ်နံပါတ်နှင့်ဆိုင်းဘုတ်ရှိနံပါတ်ကိုတိုက်စစ် ကြည့်ခြင်းဖြင့်စီးနင်းခကိုနားလည်သိရှိနိုင်ပါသည်။ICကဒ်သုံးသူအနေဖြင့်လျှပ်စစ်ဆိုင်းဘုတ် ရှိ စီးနင်းခကိုကြည့်ရန်မလိုအပ်ပါ။

လျှပ်စစ်ဆိုင်းဘုတ်ကိုကြည့်၍ နောက်လာမည့်မှတ်တိုင်သည်မိမိဆင်းချင်သည့်မှတ်တိုင်ဖြစ်ပါ က ယာဥ်မောင်းကိုအသိပေးရန်အတွက် ကားနံဘေးနံရံရှိ လေး‌ထောင့်ခလုတ်ကို နှိပ်ပါ။ 

 

3.ကြန့်ကြာမှုမရှိစေရန်ဆင်းမည်မှတ်တိုင်မရောက်ခင်ကြိုတင်၍စီးနင်းခအတွက်ပြင်ဆင်ထား ခြင်းများ ပြုလုပ်ထားသင့်ပါသည်။ 

 

  1. မှတ်တိုင်ရောက်၍ဆင်းသောအခါတွင် ယာဥ်မောင်းနံဘေးရှိစက်အတွင်းသို့ လက်မှတ်နှင့် စီးနင်းခကိုထည့်ပါ။ICကဒ်ဖြစ်လျှင်sensorပြားပေါ်တွင်ကဒ်ကိုTouchလုပ်ရုံဖြင့်အလိုအ လျောက်စီးနင်းခကို ဖြတ်တောက်ပါလိမ့်မည်။ 

 

  1. 4.အကွာအဝေးအပေါ်မမူတည်ဘဲ မည်သည့်နေရာတွင်ဆင်းစေကာမူ စီးနင်းခ တသတ်မှတ်တည်းသတ်မှတ်ထားသောဘတ်စ်ကားများလည်းရှိပါသည်။ထိုသို့သောဘတ်စ်ကားများတွင် ICကဒ်ကို နောက်တစ်ကြိမ် sensor ပြားပေါ်တွင် Touch လုပ်ရန်မလိုပါ။ 

 

ဂျပန်တွင် ဘတ်စ်ကားစီးနည်းပုံကိုနားမလည်ခြင်း၊ ဘတ်စ်ကားမှတ်တိုင်ရှိအချိန်ဇယာများကိုမဖတ်နိုင်ခြင်းကြောင့် စိတ်လှုပ်ရှားခြင်းများဖြစ်နိုင်ပါသည်။ အနီးနားပတ်၀န်းကျင်များကိုလည်းလေ့လာရှာဖွေချင်စိတ်များဖြစ်လာပါမည်။ နောက်ထပ် ဘတ်စ်ကားစီးနင်းသောအခါတွင်လည်း အနီးပတ်၀န်းကျင်ရှိ လှပသောရှု့ခင်းများ၊ စျေးသက်သာသော စူပါမားကက်များကိုလည်း တွေ့ရပါလိမ့်မည်။