会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

အလုပ်သမားများနေ့။

23.11.2020

အလုပ်သမားများနေ့။

 

နို၀င်ဘာ ၂၃ရက်နေ့သည် အလုပ်သမားနေ့ဖြစ်ပါသည်။ အလုပ်သမားနေ့ဆိုသည်မှာ အလုပ်လုပ်နေ သောသူများကို ကျေးဇူးတင်ကြောင်း အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုသည့် နေ့ဖြစ်ပါသည်။ အလုပ်သမားနေ့ ဘယ်လို ဖြစ်ပေါ်တာလဲ? ရှေးယခင်ကတည်းက ဆန်စပါးများကို စိုက်ပျိုးသော တောင်သူဦးကြီးများမှဆန်စပါးရိတ်သိမ်းကာလတွင် ဆန်စပါးအထွက်တိုးသောနှစ်များ၌ ကျေးဇူးတင်ကြောင်းပြောကြားရာမှ အစပြုခြင်းဖြစ်ပါသည်။ အလုပ်လုပ်ခြင်းကို မြတ်နိုးတန်ဖိုး ထား၍ ကုန်ထုတ်လုပ်မှုကို ဂုဏ်ပြုပြီးနိုင်ငံသားအချင်းချင်း အပြန်အလည်ကျေးဇူးတင်သည့် နေ့ရက်အနေဖြင့် နိုင်ငံတော်အစိုးရက ပြည်သူ့ရုံးပိတ်ရက်အနေဖြင့် သတ်မှတ်ခဲ့ပါသည်။ အလွယ်ကူဆုံးပြောရလျင် အလုပ်ကိုလေးစားတန်ဖိုးထားပြီးအသက်ရှင်ရန်အတွက်လိုအပ်သော အရာများကိုဖန်တီးထုတ်လုပ်ခြင်းကို ဂုဏ်ပြု၍ ပြည်သူများ အပြန်အလှန် ကျေးဇူးတင်သော နေ့ဖြစ်ပါသည်။