会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

အခြားသူများနှင့် လုပ်ဖော်ကိုင်ဖက်များကိုအနှောက်အယှက်ပေးခြင်းမပြုရ။

02.03.2021

အခြားသူများနှင့် လုပ်ဖော်ကိုင်ဖက်များကိုအနှောက်အယှက်ပေးခြင်းမပြုရ။

 

ကုမ္ပဏီသည် လူများစုဝေးသည့်နေရာဖြစ်သည့်အတွက် အခြားသူများနှင့်လုပ်ဖော်ကိုင်ဖက်များ

ကိုအနှောက်အယှက်မပေးမိစေရေးကို သိရှိနားလည်ထားရန်လိုအပ်ပါသည်။  

【ကုမ္ပဏီမှလူများကိုအနှောက်အယှက်မဖြစ်စေရန် သိရှိရမည့်အချက်များ】: 

・စားပွဲပေါ်တွင် အလုပ်အတွက်မလိုအပ်သောအရာများကို မထားရှိဘဲ ပစ္စည်းများကိုလည်း စနစ်တကျ သပ်သပ်ရပ်ရပ်ထားရန်ကိုသိရှိနားလည်ထားပါ။

・အလုပ်ခွင်အတွင်းမှပစ္စည်းကိရိယာများသည် အများသုံးစ္စည်းဖြစ်သည့်အတွက် 

 တန်ဖိုးထားပါ။

・ကုမ္ပဏီ၏စည်းမျဥ်းစည်းကမ်းများကိုလည်း သိရှိလိုက်နာပါ။

・ကုမ္ပဏီတွင် အလုပ်နှင့်မဆိုင်သောစကားများ ပြောဆိုခြင်းကို ရှောင်ကြဥ်ပါ။ 

・ဓါတ်လှေကားအတက်အဆင်းပြုလုပ်ရာတွင် ဆင်းမည့်သူများအတွက် လမ်းဖယ်ပေးပါ။

  ဆင်းမည့်သူများအားလုံးဆင်းစေပြီးမှ တက်စီးပါ။ 

・လျှောက်လမ်းတွင်အမှိုက်များကိုတွေ့လျှင် ကောက်ယူ၍ အမှိုက်ပုံးထဲသို့ထည့်ပါ။

・စကားအသံကို မကျယ်စေဘဲ ဖြည်းညင်းစွာ ပြောဆိုပါ။

・သတင်းပို့ခြင်း၊ ဆက်သွယ်ခြင်း၊ ဆွေးနွေးခြင်းကို မဖြစ်မနေပြုလုပ်ပါ။ 

 

ဂျပန်လူမျိုးများတွင် အခြားသူများနှင့်ပတ်သက်၍ သတိပြုတတ်သည့် အတွေးအခေါ်များ ရှိပါသည်။ အရွယ်ရောက်ပြီး လုပ်ငန်းခွင်ဝင်သူများအနေဖြင့် တတ်နိုင်သမျှ အခြားသူများအား အနှောက်အယှက်မပေးမိစေရန် သတိပြုကြပါစို့။