会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

Hina Matsuri(မတ်လ ၃ရက်နေ့)

04.03.2021

Hina Matsuri(မတ်လ ၃ရက်နေ့)

 

HinaMatsuri ဆိုသည်မှာ မတ်လ ၃ရက်နေတွင် မိန်းကလေးများကို ဂုဏ်ပြုပေးသော နေ့ဖြစ်ပါသည်။ မိန်းကလေးများကို ကျန်းမာသန်စွမ်းစွာ ရှင်သန်နိုင်စေရန်အတွက် ဆုတောင်းပေးခြင်းဖြစ်ပါသည်။ 
အဘယ်ကြောင့် ဂျပန်ရိုးရာလူရုပ်များကို အလှဆင်ထားကြပါလဲ?
လူရုပ်လေးများသည်  မိန်းကလေးများအစား အနာရောဂါများနှင့် မတော်တဆမှုများကို ကာကွယ်ပေး
သည်ဟု မှတ်ယူကြပါသည်။ မိန်းကလေး ကျန်းမာကံကောင်းစေရန် ဆုတောင်းပေးသည့် အဓိပ္ပယ်ဖြင့် ရည်မှန်း၍ အလှဆင်ကြပါသည်။ လူရုပ်များကိုအလှဆင်၍ အရက်ဖြူ၊ ရောင်စုံကောက်ညှင်းကိတ်မုန့် Hinaarareရောင်စုံမုန့်များကို စားသောက်ကြပါသည်။ ထိုပွဲသည် မိန်းကလေးများအတွက်ဖြစ်သည့် အတွက်မိန်းကလေးများအကြိုက်ပန်းရောင်၊အဖြူရောင်နှင့်အ ရောင်စုံကာလာများဖြင့် ပျော်စရာ ကောင်း  လှပါသည်။ 
 
အရက်ဖြူ:ဘေးဒုက္ခနှင့် နတ်ဆိုးများကို မောင်းထုတ်ရန်အတွက်ဖြစ်သည်။ မက်မွန်ပန်းပွင့်အရက်(မိုမို
က) အရက်များကို သောက်သုံးကြသတဲ့။
ရောင်စုံကောက်ညှင်းကိတ်မုန့် :အရောင်တွင် အဓိပ္ပယ်များ ပါရှိပါသည်။ 
・အစိမ်းရောင်သည် ကျန်းမာအသက်ရှည်စေရန်ဟူသော အဓိပ္ပယ်ရသည်။ 
・အဖြူရောင်သည် သန့်ရှင်းကြည်လင်လန်းဆန်းစွာဖြင့် ရှင်သန်နိုင်စေရန်ဟူသောအဓိပ္ပယ်ရပါသည်။
・ပန်း‌ရောင်သည် ဘေးဒုက္ခနှင့် နတ်ဆိုးများမကပ်စေရန် ဟူသောအဓိပ္ပယ်ရပါသည်။ 
 
Hinaarareရောင်စုံမုန့် :ပန်းရောင်သည် နွေဦး၊ အစိမ်းရောင်သည် နွေရာသီ၊ အ၀ါရောင်သည် ဆောင်း ဦး၊ အဖြူရောင်သည် ဆောင်းကို ဆိုလိုပါသည်။ ရာသီဥတုတိုင်းတွင် ကျန်းမာပျော်ရွင်သန်စွမ်းစွာ
 ဖြတ်သန်းနိုင်စေရန် ရည်ရွယ်၍ ဆုတောင်းစားသောက်ကြပါသည်။ 
 
HinaMatsuri ကိုယ်စားပြုဟင်းလျာများ၏ အဓိပ္ပယ်။
ချိလရှိဆူရှီ:ပါ၀င်သောအရာများတွင် အဓိပ္ပယ်များပါရှိပါသည်။                                             
  ・ပုဇွန်:အသက်ရှည်သည်။                                                                                     
     ・ကြာရိုး:အဆုံးအစွန်ကိုတွေ့မြင်နိုင်သည်။                                                                 
    ・ပဲ : ကျန်းမာစွာဖြင့် ကောင်းမွန်စွာ အလုပ်လုပ်နိုင်သည်။                                     
         စသည့် ဂုဏ်ပြုပွဲများတွင် သင့်တော်သော စားသောက်ဖွယ်ရာများကို ထည့်သွင်းလေ့ရှိပါသည်။ 
 
ဂုံးဟင်းချို
ဂုံးကောင်များကဲ့သို့ မိန်းကလေးများသည် အနာဂတ်တွင် ချစ်ခင်သောလင်မယားစုံတွဲဘ၀ကို ရရှိစေ
ရန်ရည်ရွယ်၍ တောင်းဆုပြုခြင်းဖြစ်သည်။ 
ထိုအရာများသည် HinaMatsuri ၏အဓိကပုံရိပ်များဖြစ်ပါသည်။ ကြုံကြိုက်ပါက ဂျပန်ယဥ်ကျေးမှုကို
စိတ်ပါ၀င်စားစွာဖြင့် ပါ၀င်ဆင်နွဲကြည့်မယ်ဆိုရင် မိတ်ဆွေတို့ ဘယ်လိုသဘောရလဲ? ထိုစားစရာများ
ကိုလည်း စားသောက်ကြည့်ကြပါနော်။ သာယာလှပ၍ နွေဦးအလှကိုလည်း ပျော်ရွင်စွာ ခံစားနိုင်ပါ
သည်။