OLS家賃保証サービス OLS家賃保証サービス

会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

Business Card(လုပ်ငန်းသုံးနာမည်ကဒ်ပြား) လဲလှယ်ခြင်း။

29.06.2021

Business Card(လုပ်ငန်းသုံးနာမည်ကဒ်ပြား) လဲလှယ်ခြင်း။

 

ဂျပန်တွင် မိတ်ဆက်စကားပြောကြားရင်း Business Card များကို လဲလှယ်လေ့ရှိပါသည်။ 

Business Cardလဲလှယ်ခြင်းဆိုသည်မှာ နှစ်ဖက်စလုံးမှ မိမိနာမည်ရေးထားသောကဒ်ပြားများကိုထုတ် ပေး၍ တစ်ယောက်ကဒ်ပြားကို တစ်ယောက်ကလက်ခံယူခြင်းအလေ့အထကိုဆိုလိုပါသည်။  

 

Business Card ပေးနည်း။

・ကဒ်ထားသည့်နေရာမှာ ကဒ်ကိုထုတ်၍ တစ်ဖက်လူဖတ်၍လွယ်ကူစေရန် ရေးထားသည့်စာကိုမိမိဘက်မှပြောင်းပြန်အနေအထားအတိုင်း ပေးမည်။ ပေးရာတွင်လက်နှစ်ဖက်ကိုစု၍ ရင်ဘတ်အမြင့်အနေအထားသို့ပေးပါ။  

・ပေါးပါးစွာအရိုအသေပေးရင်း(မည်သည့်ကုမ္ပဏီ၊ မည်သည့်ဌာနမှ မည်သူမည်၀ါ)ဟုခေါ်ပါသည်ဟုပြောရင်း Business Card ကို တစ်ဖက်လူထံသို့ ပေးအပ်ပါမည်။

・ကဒ်ကိုင်သည့်လက်ကြောင့် စာလုံးများ မကွယ်စေရန်သတိပြုပါ။ 

 

Business Card လက်ခံနည်း။

လက်နှစ်ဖက်ဖြင့် ကဒ်ရှိစာလုံးများကို မကွယ်စေရန် သတိရပြု၍လက်ခံယူပါမည်။ လက်ခံနေရင်းဖြင့် “Chodai Itashimasu” ဟုပြောပါ။

 

မိတ်ဆွေတို့ရော ဘယ်လိုထင်ပါသလဲ။ အချင်းချင်းလည်း Business Card လဲလှယ်ခြင်းကို လေ့ကျင့်ထားကြပါစို့။