会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

မိမိဆီလာသည့်ဧည့်သည်များကို နှုတ်ခွန်းဆက်ပို့သနည်း။

18.05.2021

မိမိဆီလာသည့်ဧည့်သည်များကို နှုတ်ခွန်းဆက်ပို့သနည်း။

 

မိမိအလုပ်လုပ်နေသော ကုမ္ပဏီဆီသို့လာသော ဧည့်သည်ကို လုပ်ငန်းသုံးစကားလုံးအနေဖြင့် “Raikyaku”

ဟုသုံးနှုန်းခေါ်ဆိုပါသည်။ ကုမ္ပဏီသို့ လာသောဧည့်သည်များကို နှုတ်ခွန်းဆက်ပြန်ပို့သောအခါတွင် ကုမ္ပဏီ

၏ကိုယ်စားဟု မိမိကိုယ်ကိုမှတ်ယူ၍ ဧည့်သည်စိတ်ကျေနပ်မှုရရှိစေရန် ယဥ်‌ကျေးသိမ်မွေ့စွာ နှုတ်ခွန်းဆက်

ပို့သရန် လိုအပ်ပါသည်။ 

အခု အခြေခံ နှုတ်ခွန်းဆက်ပို့သနည်းကို လေ့လာကြပါစို့။ 

 

【ဓါတ်လှေကားအထိ နှုတ်ခွန်းဆက်ပို့သခြင်း။】

  1. စင်္ကြံလျှောက်လမ်းရောက်လျှင် အဆင်းအတက်ဓါတ်လှေကားခလုတ်ကို နှိပ်မည်။ 

2.စီးမည့်ဓါတ်လှေကားဆိုက်ရောက်လာလျှင် တံခါးကိုလက်ဖြင့်ဖိထားလျှက် ခလုတ်ကိုနှိပ်ပြီး “Dozo” ဟု

‌ပြောကာ လက်ကို ဓါတ်လှေကားအထဲသို့ညွန်မည်။

  1. ဧည့်သည်က ဓါတ်လှေကားအတွင်းသို့၀င်၍ ပြန်အလှည့်တွင် “Honjitsu Arigatou Gozaimashita, 

Shitsureishimasu” လေးနက်စွာ ဦးညွတ်အလေးပြုမည်။ 

  1. ဓါတ်လှေကား တံခါးပိတ်သည်အထိ ဆက်လက်ဦးညွတ်အလေးပြုပါ။ 
  2.  

【အ၀င်အထွက်ပေါက်အထိ နှုတ်ခွန်းဆက်ပို့သခြင်း။】

  1. ဓါတ်လှေကားဆိုက်ရောက်လာလျှင် စီးနင်းသူမရှိပါက ပထမဆုံး “Shitsureishimasu”ဟုပြော၍စီးမည်။

နောက် စီးနင်းသူလိုက်ပါလာသည့်အခါမျိုးတွင်  မိမိဧည့်သည်ကို အရင်ဦးစွာ စီးနင်းစေပါ။ 

 

2.ဆင်းမည့်အထပ်သို့ရောက်လျှင် “開” ခလုတ်ကိုနှိပ်၍ မိမိဧည့်သည်ကို အရင်ဆင်းစေမည်။ “migide 

Gozaimasu” စသဖြင့်ပြောဆို၍ ထွက်ပေါက်ဘက်ကို သိမ်မွေ့စွာ ညွန်ပြမည်။

3.ထို့နောက်ဧည့်သည်ကို ထွက်ပေါက်အထိ ခေါ် ဆောင်မည်။ ထွက်ပေါက်သို့ရောက်လျှင် နောက်တစ်ကြိမ်

“Honjitsu Arigatou Gozaimashita” ဟုလေးနက်စွာဦးညွတ်အလေးပြုရင်း နှုတ်ခွန်းဆက်ပို့သမည်။ 

 

【စီးနင်းမည့်ကားအထိ နှုတ်ခွန်းဆက်ပို့သခြင်း။】

စီးနင်းမည့် ကားအထိနှုတ်ခွန်းဆက်ပို့သသောအခါတွင် လိုက်ပို့မည့်သူ၏ အရှေ့ဘက်ထိုင်ခုံ၏အနောက်ဘက်

သို့မဟုတ် အနောက်ယွန်းယွန်းမှရပ်၍ နှုတ်ခွန်းဆက်သမည်။ ဦးညွတ်အလေးပြုခြင်းပြီးဆုံးသော်လည်း 

ဧည့်သည်၏ကား မမြင်ရသည့်အထိ ခန္ဓာကိုယ်အမှုအရာပုံစံကို မှန်ကန်စွာထားရှိပါ။ 

 

မိတ်ဆွေတို့ရော ဘယ်လိုထင်မြင်ပါသလဲ? နှုတ်ခွန်းဆက်ပို့သပုံမှာ ဧည့်သည်နှင့် ပတ်သက်ဆက်နွယ်မှု၊ ထိုကုမ္ပဏီ၏

အဖွဲ့အစည်းအပေါ် မူတည်၍ ကွာခြားမှုရှိသည်။ ထို့အပြင် ကုမ္ပဏီအလိုက် နှုတ်ခွန်းဆက်ပို့သခြင်း စည်းမျဥ်းစည်း

ကမ်းများရှိသည့်အတွက် အထက်လူကြီးများဆီမေးမြန်း၍ ထိုစည်းမျဥ်းအတိုင်း လိုက်နာဆောင်ရွက်ပါ။