会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

Guguru (Google)

20.05.2021

Guguru (Google)

 

Google တွင်အချက်အလက်များရှာဖွေခြင်းကို (guguru)ဟု သုံးနှုန်းလေ့ရှိပါသည်။ ဆိုလိုသည်မှာ( Google တွင်ရှာဖွေခြင်း = guguru ) ဟူ၍ဖြစ်သည်။ Guguru မျှသာမက

Gugutte၊ Guguttemite၊ Gugutta၊ Guguttemita စသည့်စကားလုံးများကိုလည်း သုံးနှုန်းလာကြပါသည်။ 

Guguru ဆိုသည်မှာ Search Engine တစ်ခုဖြစ်သော Google( Guguru )အသုံးပြု၍ ရှာဖွေခြင်း၊ အင်တာနက်တွင်  Search Engine ကိုအသုံးပြု၍ တစ်ခုခုကို ရှာဖွေခြင်း ဟူသောအဓိပ္ပယ်ရပါသည်။ မှတ်ချက်- Google ၏ ဂျပန်လိုအသံထွက်မှာ Guguru ဖြစ်သည်။ 

 

ထို့အပြင် Google တွင် Google map( Guguru Mappu )、Google drive( Guguru Doraibu )、Google Translate ( Guguru Honyaku ) စသည့် တို့ကို ပြုလုပ်ထားပြီး၊ မိတ်ဆွေတို့၏ နေ့စဥ်လူနေမှုဘ၀ကို အထောက်အကူဖြစ်စေသော များပြားသော ၀န်ဆောင်မှုများကို ထုတ်လုပ်ပေးလျှက်ရှိသည်။ မိတ်ဆွေတို့လည်း ထိုအရာများကို အသုံးပြုကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

 

ဥပမာ:

  • ကုန်ပစ္စည်း အသေးစိပ်အချက်အလက်များကို Gugutte နော်!
  • ဂျပန်ယဥ်ကျေးမှုနှင့်ပတ်သက်၍ Guguru တာနဲ့ အကြောင်းအရာအများကြီးထွက်လာ တယ်နော်။
  • မိဆိုးဟင်းချိုလုပ်ပုံလုပ်နည်းကို Guguta ခဲ့တယ်။ လွယ်ကူမယ်လို့ ထင်တာပဲ။