ဂျပန်နှစ်သစ်ကူးဟင်းလျာ(Osechi)
ဂျပန်နှစ်သစ်ကူးတွင် အထိမ်းအမှတ်အနေဖြင့်နစ်သစ်ကူးဟင်းလျာများကို ချက်ပြုတ်စားသောက် လေ့ရှိကြပါတယ်။ သာမာန်အားဖြင့် အိမ်တွင်ချက်ပြုကြသော်လည်း အခုနောက်ပိုင်းတွင် ဆိုင်တွင် ၀ယ်ယူစားသောက်သူများပြားလာပါတယ်။
အဓိပ္ပယ်ပါရှိသော နှစ်သက်ကူးဟင်းလျာထဲမှ ဟင်းမယ်များ
-မဲအောင် နေလောင်ခံထားသော ပဲမဲများ၏ အဓိပ္ပယ်မှာ တည်ကြည်လေးနက်စွာအလုပ်လုပ်နိုင်စေရန် တောင်းဆုပြုခြင်းကို ကိုယ်စားပြုပါတယ်။
(ဂျပန်လို ပဲ→mame=majime→တည်ကြည်လေးနက်ခြင်း ဟူသောအဓိပ္ပယ်ရပါတယ်။ တခြားသော အဓိပ္ပါယ်ကောက်ခြင်းများလည်းရှိနိုင်ပါတယ်။)
-ဂျပန်ကြက်ဥလိပ်(ဒတဲမကိ)ဟာ ရှေးခေတ်ဂျပန်ပရပိုက်စာလိပ်နှင့်ဆင်တူသည့်အတွက် အသိပညာဗဟုသုတများ တိုးပွါးလာစေရန်အလို့ငှာ တောင်းဆုပြုခြင်းကို ကိုယ်စားပြုပါတယ်။
-ငါးနီအကင်(Tainosugatayaki)ဟာ ဂျပန်လိုအသံထွက်ဆက်စပ်မှုအရ ဂုဏ်ပြုသည်ဟုအဓိပ္ပယ်ရပါတယ်။ နှစ်သက်ကူးအတွက် လိုက်ဖက်တဲ့ ငါးတစ်မျိုးဖြစ်ပါတယ်။
အခြားသော နှစ်သက်ကူးဟင်းလျာများထဲမှလည်း ဟင်းအမယ်အမျိုးမျိုးတွင် အဓိပ္ပယ်အမျိုးမျိုးပါရှိနိုင်တာမို့လို့ မိမိကိုယ်တိုင်လည်း ရှာဖွေကြည့်နိုင်ပါတယ်နော်။