会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

အိုရီဂါမီ စက္ကူရုပ်ခေါက်ခြင်း 

10.09.2019

အိုရီဂါမီ စက္ကူရုပ်ခေါက်ခြင်း 

 

 

ဂျပန်နိုင်ငံမှာ အိုရီဂါမီ လို့ခေါ်တဲ့ စက္ကူရုပ်ခေါက်တဲ့ ယဉ်ကျေးမှုရှိပါတယ်။ စက္ကူတစ်ရွက်တည်းဖြင့် အရုပ်ပုံစံ အမျိုးမျိုးကို ခေါက်ရတာဟာ အလွန်ပျော်စရာကောင်းတဲ့ ကစားနည်းတစ်မျိုးလည်း ဖြစ်ပါတယ်။ တိရိစ္ဆာန်ပုံ၊ အပင်ပုံ စသဖြင့် စက္ကူခေါက်နည်း အမျိုးမျိုးကို အသုံးပြုခေါက်လုပ်ထားတဲ့ စက္ကူရုပ်တွေဟာ ကြည့်ရှု့သူတွေကို မျက်စိပသာဒ ဖြစ်စေပါတယ်။ အိုရီဂါမီ အရုပ်ခေါက်စာရွက်ဒီဇိုင်း အမျိုးမျိုး ရှိပါတယ်။ သာမာန် အရုပ်ခေါက်စာရွက်တွေအပြင် “စင်းဒိုင်းရှိ” လို့ခေါ်တဲ့ အရောင်အသွေးစုံလင်တဲ့ ဂျပန်စတိုင်အရုပ်ခေါက်စာရွက် အမျိုးမျိုးကိုလည်း အသုံးပြုကြပါတယ်။ 

လူအများသိကြတဲ့ အိုရီဂါမီ စက္ကူရုပ်ကတော့ ကြိုးကြာပုံ စက္ကူရုပ်ဖြစ်ပြီး၊ ကြိုးကြာကောင်ရေ (၁၀၀၀) ခေါက်ပြီး တစ်ကောင်နှင့်တစ်ကောင်ချိတ်ဆက်ထားလျှင် အနာရောဂါများ ပျောက်ကင်းတယ်လို့လည်း ပြောစမှတ်ရှိကြပါတယ်။ ဆေးရုံတက်နေတဲ့ လူနာတွေကို ကြိုးကြာစက္ကူရုပ်များ ပို့ပေးပြီး နေကောင်းကျန်းမာလာစေဖို့ စိတ်ပိုင်းဆိုင်ရာပံ့ပိုးခြင်း၊ ဆုတောင်းပေးခြင်းတို့ ပြုလုပ်ကြပါတယ်။ အိုရီဂါမီ စက္ကူရုပ်ခေါက်ခြင်းဟာ ဂျပန်ရိုးရာဓလေ့ ကစားနည်းတစ်ခု ဖြစ်တဲ့အတွက် မိတ်ဆွေတို့လည်း ဂျပန်ရိုးရာစက္ကူဒီဇိုင်းတွေနှင့် ချစ်စရာ စက္ကူရုပ်လေးများ ခေါက်ကြည့်ကြပါစို့။