会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

 မိမိ၏အလုပ်အပေါ်တာ၀န်ယူမှု

11.09.2019

 မိမိ၏အလုပ်အပေါ်တာ၀န်ယူမှု

 

ဂျပန်တွင် အလုပ်စလုပ်ပြီဆိုတာနှင့် မိမိ၏အထက်လူကြီးထံမှ တာဝန်ပေးအပ်ခံရသော အလုပ်များရှိလာပါမယ်။ 

ပထမဆုံးအနေဖြင့် တာဝန်ပေးအပ်ခံရတဲ့ အလုပ်များကို အပြည့်အဝတာ၀န်ယူဆောင်ရွက်ပါ။ ပေးအပ်ခံရသောအလုပ်များ ပြီးမြောက်အောင်မြင်အောင် မလုပ်နိုင်လျှင် အထက်လူကြီးမှ ပိုမိုကြီးမားတဲ့ အလုပ်တာဝန်များကို ပေးအပ်မှာ မဟုတ်တဲ့အပြင် လစာတိုးမည့် အခွင့်အရေးလည်း ရှိလာနိုင်မည်မဟုတ်ပါ။ ထို့ပြင် မိမိတာဝန်ယူထားတဲ့ အလုပ်ပြီးမြောက်ချိန်တွင် အောင်မြင်မှုပီတိကိုခံစားရပြီး နောက်ထပ်အလုပ်တွေကို တာဝန်ယူလုပ်ကိုင်လိုစိတ်လည်း တိုးပွားလာပါမယ်။ အနာဂတ်တွင်လည်း အလုပ်ကိုအောင်မြင်ပြီးမြောက်အောင် လုပ်နိုင်ခဲ့တဲ့အတွက် အလွန်အကျိုးရှိတယ်လို့ ခံစားရပါမယ်။