会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

ဂျပန်စာလုံး အလှရေးခြင်း(ရှိုဒိုး)

20.08.2019

 

ဂျပန်စာလုံး အလှရေးခြင်း(ရှိုဒိုး)

 

ရှိုဒိုး ဆိုတာကတော့ ရှေးခေတ် ဂျပန်စာရေးကရိယာဖြစ်တဲ့ စုတ်တံ နှင့် မင် ကိုအသုံးပြုပြီး ခန်းဂျီးနှင့် ဟိရဂန စာလုံးများကို အနုပညာမြောက်စွာ ရေးသားဖော်ပြတဲ့ ဂျပန်ရိုးရာယဥ်ကျေးမှုတစ်ခု ဖြစ်ပါတယ်။ ယနေ့ခေတ်တွင်လည်း ဂျပန် နှစ်ဆန်းနှစ်ရက်နေ့တွင် ဂုဏ်ပြုစာလုံးနှင့် ကဗျာများကို ရေးသားခြင်း၊ (နှစ်သစ်ကူးစာလုံးရေးသာခြင်း) အခမ်းအနားများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလျက် ရှိပါတယ်။ 

ရှိုဒိုးဟာ စိတ်၀င်စားစရာကောင်းတဲ့ ဂျပန်ရိုးရာ ယဥ်ကျေးမှုဓလေ့ ဖြစ်တဲ့အတွက် ဦးစွာအနေဖြင့် မိမိနာမည်ကို စတင် ရေးကြည့်ကြပါစို့။