会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

အိမ်သာအသုံးပြုပုံ အမူအကျင့်များ

17.08.2019

 

အိမ်သာအသုံးပြုပုံ အမူအကျင့်များ

 

ဂျပန်နိုင်ငံရဲ့ အိမ်သာအသုံးပြုပုံ အမူအကျင့်တွေနှင့် မိမိနိုင်ငံမှ အိမ်သာအသုံပြုပုံ အမူအကျင့်တွေ အနည်းငယ်ကွာခြားမှုရှိနိုင်ပါတယ်။ 

ဂျပန်နိုင်ငံမှာ အိမ်သာအသုံးပြုတဲ့အခါ အိမ်သာကြမ်းပြင်နှင့် အိမ်သာခွက်ထဲကို အမှိုက်များပစ်ချခြင်း မပြုလုပ်ရပါ။ မိမိအသုံးပြုပြီးတဲ့နောက် အခြားသူများလည်း စိတ်ချမ်းမြေ့စွာ အသုံးပြုနိုင်စေဖို့ အိမ်သာကို သန့်သန့်ရှင်းရှင်း အသုံးပြုရပါမယ်။

ဂျပန်နိုင်ငံရဲ့ အိမ်သာသုံး စက္ကူတွေကို ရေမှာ အလွယ်တကူပျော်ဝင်နိုင်အောင် ထုတ်လုပ်ထားပါတယ်။ ပုံမှန်အားဖြင့် အိမ်သာတွေမှာ မိလ္လာစွန့်ထုတ်စနစ်ကိုပါ တပ်ဆင်ထားတဲ့အတွက် အိမ်သာခွက်ထဲကို အိမ်သာသုံးစက္ကူပါ တစ်ခါတည်း ပစ်ပြီး ရေလောင်းချနိုင်ပါတယ်။  အမျိုးသမီးကျန်းမာရေးသုံးပစ္စည်း၊ diaper နှင့် အခြား အမှိုက်တွေကို အိမ်သာခွက် အတွင်း စွန့်ပစ်ခြင်းမပြုရပါ။

※အမျိုးသမီးအိမ်သာမှာ အမှိုက်ပုံးငယ်လေးတွေ ထားပေးတဲ့အတွက် အမျိုးသမီး ကျန်းမာရေးသုံးပစ္စည်းတွေကို ထိုပုံးငယ်လေးများအတွင်း စွန့်ပစ်နိုင်ပါတယ်။ ထိုပုံးငယ်လေးတွေက သုံးပြီးသား အိမ်သာသုံးစက္ကူတွေ စွန့်ပစ်ဖို့ အမှိုက်ပုံးမဟုတ်တာကို အထူးသတိပြုပါ။ 

ဂျပန်နိုင်ငံရဲ့ အိမ်သာတွေမှာ အိမ်သာသုံး သီးသန့် slipper ဖိနပ်တွေထားရှိပေးတဲ့ နေရာတွေလည်း ရှိတဲ့အတွက် အိမ်သာဝင်ချိန်မှာ slipper ဖိနပ်ကို ပြောင်းစီးပြီး၊ အိမ်သာမှထွက်လာတဲ့ အခါမှာလည်း slipper ဖိနပ်ကို မမေ့မလျော ပြန်ချွတ်ထားခဲ့ရပါမယ်။