会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

အိခဲဘန ပန်းအလှပြင်ခြင်း

15.08.2019

 

အိခဲဘန ပန်းအလှပြင်ခြင်း

 

ခဒိုး ခေါ် ပန်းအလှပြင်ခြင်း ဆိုတာကတော့ ရာသီအလိုက် သစ်ရွက်သစ်ကိုင်းများ၊ မြက်ပင်၊ ပန်းပင် စတာတွေကို ပိုင်းဖြတ်ကာ ပန်းအိုးထဲထည့်ပြီး ထိုပန်းအိုးရဲ့ ပုံပန်းသဏ္ဌာန်အလှနှင့် ရှင်သန်မှုတို့ကို ဖော်ပြကာ အမြတ်တနိုးတန်ဖိုးထားတဲ့ အနုပညာဖြစ်ပါတယ်။ ဂါရဝပြုမှုကို အလေးထားဖော်ပြတဲ့ ဂျပန်ရိုးရာ အနုပညာလက်ရာလည်း ဖြစ်ပါတယ်။ 

ပန်းအလှပြင်နည်း အမျိုးမျိုးရှိပါတယ်။ 

 

[Rikka ခေါ် ပန်းများကို ဒေါင်လိုက် အလှဆင်နည်း]

သွယ်လျရှည်လျားတဲ့ ပန်းအိုးမှာ ပန်းတွေကို ‌ဒေါင်လိုက်ပြင်ဆင်ခြင်းဟာ အိခဲဘန ပန်းအလှပြင်နည်းရဲ့ အခြေခံနည်း တစ်မျိုးဖြစ်ပါတယ်။ ပန်းတစ်ပွင့်နှင့်တစ်ပွင့် ယှက်နွယ်ပြီး ပန်းချီကားတစ်ချပ်ကဲ့သို့ ထင်ဟပ်ခံစားနိုင်တဲ့ ပန်းအလှပြင်နည်း ဖြစ်ပါတယ်။ 

 

[Shouka ပန်းအလှဆင်နည်း]

ရိုးရာ လက်ဘက်ရည်ပွဲ အခမ်းအနား ကျယ်ပြန့်ခေတ်စားလာတာနှင့်အမျှ လက်ဘက်ရည်ပွဲခန်းမမှာ ပြင်ဆင်တဲ့ ပန်းအလှပြင်နည်းဖြစ်ပြီး ခန်းမရဲ့ ပန်းအိုးတင်ရန်နေရာမှာ Shouka ပန်းအလှဆင်နည်းဖြင့် ပန်းအလှ ပြင်ဆင်ထားရှိကြပါတယ်။

 

[မိမိစိတ်ကြိုက်ပန်းအလှဆင်နည်း]

ယနေ့ခေတ်အလိုက် စတိတ်စင်‌ပေါ်နှင့် ပွဲလမ်းသဘင် အခမ်းအနားတွေမှာ ပြင်ဆင်ထားရှိကြတဲ့ ပန်းအလှဆင်နည်း ဖြစ်ပါတယ်။ ရိုးရာပုံ‌စံအတိုင်းမဟုတ်ဘဲ မိမိဆန္ဒ စိတ်ကူးအတိုင်း ပုံဖော်ကြအလှဆင်ကြပါတယ်။ 

 

အခွင့်ကြုံလျှင် ဂျပန်ယဥ်ကျေးမှုအနုပညာဖြစ်တဲ့ အိခဲဘန ပန်းအလှပြင်ခြင်းကို ခံစားကြည့်ရှု့ကြပါစို့။