会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

ကုမ္ပဏီ၏ စည်းမျဥ်းစည်းကမ်းများ

16.08.2019

ကုမ္ပဏီ၏ စည်းမျဥ်းစည်းကမ်းများ

 

ဂျပန်နိုင်ငံတွင်အလုပ်လုပ်မည့် နိုင်ငံခြားသားများအနေဖြင့် “ဂျပန်နိုင်ငံသည် အချိန်ကို တိတိကျကျ လေးစား လိုက်နာသောနိုင်ငံ” ဖြစ်ကြောင်းကို မှတ်သားထားပါ။ 

ထို့ပြင် ကုမ္ပဏီတိုင်းတွင် သတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်းနှင့် လိုက်နာရမည့်အချက်များ အများအပြား ရှိပါတယ်။ ကုမ္ပဏီတွင်အလုပ်လုပ်ပါက ထိုအချက်များကို မလိုက်နာ၍ မရပါ။ မည်မျှပင်အလုပ်ကျွမ်းကျင်ပိုင်နိုင်စေကာမူ ထိုအချက်များကို မလိုက်နာသူသည် “ပြဿနာရှိသူ” ဟု ယူဆခံရပြီး မကြာခဏ သတိပေးခံရတတ်သည်ကိုလည်း မှတ်သားထားကြပါစို့။