会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

ရေပူစမ်းဓလေ့

05.08.2019

ရေပူစမ်းဓလေ့

 

ဂျပန်နိုင်ငံဟာ မီးတောင်နှင့် ရေပူစမ်းများ ပေါများတဲ့ နိုင်ငံဖြစ်ပါတယ်။ ရေပူစမ်းတွင် ရေနွေးစိမ်ခြင်းကြောင့် လှပနုပျို အရွယ်တင်စေပြီး ရောဂါဒဏ်ရာတွေကိုလည်း  သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ရှေးယခင်တည်းကပင် ဂျပန်လူမျိုးများဟာ ရေပူစမ်းသွားလည်တာကို နှစ်ခြိုက်သဘောကျကြပါတယ်။ ရေပူစမ်းတွေကို အလွန်သဘောကျတဲ့ လူမျိုးလည်းဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေဟာ မိမိရဲ့ အိမ်မှာရှိ‌တဲ့ ရေချိုးခန်းမှာ ရေနွေးစိမ်တာကို သဘောကျကြပေမယ့် ရေပူစမ်းမှာ ရေနွေးစိမ်တာဟာ တမူထူးခြားတဲ့ ဆွဲဆောင်မှုရှိပြီး နှစ်သက်စရာကောင်းတယ်လို့ ယူဆကြပါတယ်။ ရေပူစမ်းတွင်‌ ရေနွေးစိမ်ခြင်းဟာ လူကိုလန်းဆန်း အပန်းပြေစေပါတယ်။ ရေပူစမ်းမှာ ရေနွေးစိမ်ခြင်းဟာ ပင်ပန်းနွမ်းနယ်မှုနှင့် စိတ်ဖိစီးမှုတွေကို ပြေပျောက်စေတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငရဲ့ ရေပူစမ်းမှာ ရေနွေးစိမ်ရာနှင့် ရေချိုးရာတို့အတွက် လိုက်နာရမယ့် အပြုအမူနှင့် စည်းမျဥ်းစည်းကမ်းတွေ ရှိပါတယ်။ ဥပမာအားဖြင့် ရေပူစမ်းတွင် ရေမချိုးမီ အတွင်းခံတွေကို ချွတ်ရပါမယ်။ ရေချိုးရာမှာလည်း ပတ်၀န်းကျင်မှ လူတွေကို ရေနွေးနှင့် ဆပ်ပြာမြုပ်များ  မစင်စေဖို့ သတိပြုရပါမယ်။ ရေနွေးစိမ်ကန်အတွင်း ပုဝါနှင့် ဆံပင်တွေကို  စိမ်နှစ်ခြင်း မပြုလုပ်ရပါ။ ရေစိမ်ပြီးလို့ အ၀တ်လဲခန်းကို ပြန်တဲ့အခါမှာလည်း ခန္ဓာကိုယ်ရဲ့ စိုစွတ်နေတဲ့ နေရာတွေကို စင်ကြယ်အောင်သုတ်ပါ။ ရေပူစမ်းဟာ လူအများ အသုံးပြုတဲ့ နေရာဖြစ်တဲ့အလျောက် အချင်းချင်း စိတ်ချမ်းမြေ့စွာ ရေနွေးစိမ်၊ ရေချိုးသန့်စင်ခြင်း ပြုလုပ်နိင်စေဖို့ ရေပူစမ်းမှ သတ်မှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေကို မဖြစ်မနေ လိုက်နာကြရပါမယ်။ 

‌ရေပူစမ်းမှာ ရေနွေးစိမ်ခြင်းဓလေ့၊ အများသုံးရေနွေးစိမ်ခန်းတွင် ရေနွေးစိမ်ခြင်းဓလေ့ မရှိတဲ့ နိုင်ငံများပြားတဲ့အတွက် နိုင်ငံခြားသားတွေအနေဖြင့်လည်း  ရေပူစမ်းမှာ ခန္တာကိုယ် အဝတ်ဗလာဖြင့် ရေနွေးစိမ်ခြင်းကို  ရှက်စရာကောင်းတယ်လို့ အစပထမမှာ ခံစားရပါလိမ့်မယ်။ ဂျပန်ရဲ့ ရေပူစမ်းဓလေ့နှင့် နေသားကျသွားတဲ့အခါမှာတော့ အပတ်တိုင်း ရေပူစမ်းသို့သွားချင်လာပါလိမ့်မယ်။ ချမ်းအေးတဲ့ဥတုကာလမှာ ရေပူစမ်း၌ ရေနွေးစိမ်ခြင်းဟာ အလွန်ပင် ဇိမ်ရှိလှပါတယ်။ မိတ်ဆွေတို့လည်း ရေပူစမ်းသွားပြီး ရေနွေးစိမ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။