会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

အမှိုက်ခွဲခြားစွန့်ပစ်နည်း

03.08.2019

 

အမှိုက်ခွဲခြားစွန့်ပစ်နည်း

 

ဂျပန်နိုင်ငံရဲ့ အမှိုက်ခွဲခြားစွန့်ပစ်နည်းကို ခက်ခဲတယ်လို့ ထင်မှတ်ကြသူ အများအပြား ရှိမယ်ထင်ပါတယ်။ ဂျပန်နိုင်ငံမှာ အိမ်တွင်းအမှိုက်တွေကို ခွဲခြားစွန့်ပစ်ရာမှာ နေထိုင်ရာ မြို့နယ်၊ ဒေသအလိုက် သတ်မှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေရှိပါတယ်။ ဒေသန္တရရုံးမှ သတ်မှတ်ထားတဲ့ အမှိုက်ပစ်ရမယ့် နေ့ရက်အချိန်၊ အမှိုက်ပစ်ရမယ့်နေရာနှင့် မှန်ကန်တဲ့ အမှိုက်ခွဲခြား စွန့်ပစ်နည်းတို့ဖြင့် မစွန့်ပစ်ပါက အမှိုက်သိမ်းကားမှ အမှိုက်များကို သိမ်းဆည်းမှာ မဟုတ်ပေ။

အမှိုက်စွန့်ပစ်စည်းကမ်းကို လိုက်နာခြင်းမှာ ဂျပန်နိုင်ငံရဲ့ နေ့စဉ်လူနေမှုဘဝတွင်  အရေးကြီးသောခြေလှမ်း (သို့) လုပ်ဆောင်မှု တစ်ခုဖြစ်ပါတယ်။ ရက်သတ္တပတ်  နေ့ရက်အလိုက် စွန့်ပစ်နိုင်တဲ့ အမှိုက်အမျိုးအစားတွေ ကွဲပြားတာကို သတိပြုပြီး မြို့နယ်ဒေသန္တရရုံးမှ သတ်မှတ်ထားတဲ့ အမှိုက်ခွဲခြား စွန့်ပစ်နည်းကို လိုက်နာကြပါစို့။