会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

ဂျပန်နိုင်ငံ၏ ရာသီဥတုများ

01.08.2019

ဂျပန်နိုင်ငံ၏ ရာသီဥတုများ

 

ဂျပန်နိုင်ငံတွင် ရာသီဥတု ၄မျိုးရှိပြီး၊ ၃လပိုင်းမှ ၅လပိုင်းထိ နွေဦးရာသီ၊ ၆လပိုင်းမှ ၈လပိုင်းထိ နွေရာသီ၊ ၉လပိုင်းမှ ၁၁လပိုင်းထိ ဆောင်းဦးရာသီ၊ ၁၂လပိုင်းမှ ၂လပိုင်းထိ ဆောင်းရာသီဟူ၍ ခွဲခြားထားပါသည်။ အပူချိန်နှင့် ရာသီဥတုအခြေအနေများမှာ ရာသီအလိုက် ကွဲပြားခြားနားပါသည်။


နွေဦးရာသီ


နွေဦးရာသီတွင် အအေးဒဏ်လျော့ပါးလာပြီး ရာသီဥတု နွေးထွေးသော‌ကြောင့် သာသာယာယာရှိသော ရာသီဖြစ်သည်။ ‌လေပြင်းများတိုက်ခတ်လေ့ရှိသော ရာသီလည်းဖြစ်သဖြင့် ၃လပိုင်းမှ ၅လပိုင်းအတွင်းတွင် အင်္ကျီလက်ရှည်နှင့် အပေါ်၀တ်ကုတ်အပါးတို့ကို ၀တ်ဆင်သင့် ပါသည်။

(ဆာကူရာပန်းပွင့်ချိန်ဖြစ်သော‌ကြောင့် ပန်းကြည့်ပွဲတော်ကို ဆင်နွှဲနိုင်ပါသည်။)‌

 

 

 

နွေရာသီ

နွေရာသီ၏အစ ၆လပိုင်းမှ ၇လပိုင်းအလယ်ခန့်တွင် မိုးရွာသွန်းပြီး အပူချိန်လျော့ကျကာ အနည်းငယ် အေးသောကြောင့် ထိုကာလကို မိုးရာသီဟုလည်း ‌ခေါ်ကြပါသည်။ မိုးရာသီအကုန်မှစကာ အပူချိန် မြင့်မားပြီး နေ‌ရောင်ခြည်လည်း ပြင်းထန်လာပါသည်။ ဂျပန်နိုင်ငံ၏ နွေရာသီသည် အပူချိန်မြင့်မားသဖြင့် အပူရှိန်ကာကွယ်ရန်လိုအပ်ပါသည်။ ၆လပိုင်းမှ ၈လပိုင်း အတွင်းတွင် ပုံမှန်အားဖြင့် အင်္ကျီလက်တို ၀တ်ဆင်ရန် သင့်လျော်သော်လည်း ၆လပိုင်း၏ နံနက်နှင့်ညပိုင်းများတွင်မူ အင်္ကျီလက်ရှည်အပါး လိုအပ်ပါသည်။ မိုးရာသီတွင် အိတ်ထဲ၌ ခေါက်ထီးဆောင်ထားသင့်ပါသည်။

(နွေရာသီတွင် နေကြာပန်းနှင့် နေပူခံနွယ်ပန်းများ ပွင့်သည့်အပြင် မီးပန်းပွဲတော်နှင့် နွေရာသီပွဲတော် များလည်းကျင်းပပါသည်။)

 

 

ဆောင်းဦးရာသီ

ဆောင်းဦးရာသီဖြစ်သည့် ၉လပိုင်းမှ ၁၁လပိုင်းအတွင်းသည် အပူချိန် လျော့ကျကာ ခြောက်သွေ့သဖြင့် နေထိုင်ရကောင်းသောရာသီဖြစ်သည်။ ၉လပိုင်းမှစကာ ရာသီဥတု တဖြည်းဖြည်း အေးမြလာသဖြင့် နေ့ဘက်များတွင် ရှပ်လက်တိုများနှင့်သာ လုံလောက်သော် လည်း နံနက်နှင့်ညပိုင်းများတွင် အနည်းငယ် တတ်သဖြင့်ဆွယ်တာအပါး ၀တ်ဆင်သင့်ပါသည်။ (ဆောင်းဦးရာသီသည် ကော်စမိုပန်းများပွင့်ပြီး သစ်ရွက်ဝါများ

စတင်ကြွေသော ရာသီဖြစ်သည်။)

 


ဆောင်းရာသီ

၁၂လပိုင်းမှစပြီး အပူချိန် လျော့ကျလာကာ ဆောင်းရာသီသို့ စတင်၀င်ရောက်လာပါသည်။ လကုန်ပိုင်းမှစကာ အအေးရှိန် မြင့်လာပြီး ၃လပိုင်းထိ အအေးဒဏ်ကို ခံစားရပါမည်။ ဟိုကုရိကု၊ တိုးဟိုကု၊ ဟိုကိုင်းဒိုး ဒေသများတွင်နှင်းကျသောကြောင့် အအေးဒဏ်ကာကွယ်ရန် ပြင်ဆင်ကြရပါသည်။ အခြား‌ဒေသများတွင်လည်း နှင်းကျလေ့ရှိသောကြောင့် သတိပြုရန်လိုအပ်ပါသည်။ ဆောင်းရာသီ၏ အအေးဒဏ်မှ ကာကွယ်ရန် ကုတ်အထူ၊ မာဖလာနှင့်လက်အိတ်များ ၀တ်ဆင်ရန် လိုအပ်ပါသည်။ နှင်းကျသည့် ‌‌ဒေသများတွင် ချော်မလဲစေရန် နှင်းစီးဖိနပ်များလည်းစီးရပါမည်။

(ဆောင်းရာသီတွင် ခရစ်စမတ်နှင့် နှစ်သစ်ကူးပွဲတော်များ ကျင်းပပြီး နှင်းလျှောစီးခြင်းများ ကစားနိုင်သော ရာသီဖြစ်သည်။)