会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

Natto(နတိုး)

04.06.2020

Natto(နတိုး)

 

ဂျပန်နိုင်ငံမှာ နတိုး လို့ခေါ်တဲ့  စားစရာတစ်မျိုးကိုရော သိကြပါသလား? ဘာကြောင့် ဂျပန်လူမျိုးများဟာ နတိုး ကိုကြိုက်ကြတာပါသလဲ? အကြောင်းမှာ နတိုးဟာ ကျန်းမာရေး အတွက် အရမ်းကောင်းမွန်တဲ့စားစရာဖြစ်လို့ပဲဖြစ်ပါတယ်။ပဲကြီးကိုသေချာစွာချက်ပြုတ်ပြီးနောက် ကောက်ရိုးများဖြင့်ထုပ်ပြီး အချဥ်ဖောက်လျှင် ချွဲကျိသောအရည်များ စိမ့်ထွက်လာပါတယ်။ ထိုအထဲတွင် ဗီတာမင်ဓါတ်၊ ပရိုတိန်းဓါတ်များ ကြွယ်၀စွာပါ၀င်ပါတယ်။ ကြက်ဥနှင့် ငံပြာရည်(ရှောယူး)ဖြင့်တွဲဖက်စားလျှင် ပိုမိုအရသာရှိပါတယ်။ အနံပြင်းကာစေးကပ်စေးကပ်ဖြစ်နေသည့်အတွက် ဂျပန်လူမျိုးများတွင်လည်း နတိုးကို ကြိုက်သူရှိသလို မကြိုက်သူများလည်းရှိပါတယ်။ အနံ့ပြင်းနှုန်းသည် ဗီယက်နမ် ငါးငံပြာရည်တစ်မျိုးဖြစ်သော nuoc man (390Au)ထက် ပိုပြင်းကာ အနံ့ပြင်းနှုန်း(452Au) ရှိပါ သည်။ နိုင်ငံခြားသားများအနေဖြင့် ပထမဆုံးအနေဖြင့် စားသောက်သောအခါတွင် အထူးတဆန်းဖြစ်သွားလေ့ရှိသည်။ မိတ်ဆွေတို့လည်း စားသုံးကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော် ။

※Auသည် အနံ့ပြင်းနှုန်းကို တိုင်းတာရာတွင် အသုံးပြုသော ယူနစ် ဖြစ်သည်။