会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

ယန်း ၁၀၀ ဆိုင်

11.06.2020

ယန်း ၁၀၀ ဆိုင်

 

နိုင်ငံခြားမှာ ပြန်လည်အသက်ရှင်နေထိုင်ဖို့အတွက် ပိုက်ဆံအရမ်းကုန်ကျတယ်လေနော်! အထူးသဖြင့် ဂျပန်ကိုရောက်ခါစအချိန်မှာ “ငါဒီလ ဆက်လက်အသက်ရှင်နိုင်ပါအုံးမလား”လို့ တွေးမိတာမျိုးရှိကြတယ်မလား! အဲလိုအချိန်မျိုးမှာ ဘယ်လိုလုပ်ပြီး အသက်ရှင်ရပ်တည်

မလဲ? အဖြေကတော့ ယန်း ၁၀၀ ဆိုင်ပဲဖြစ်ပါတယ်။

 

ယန်း၁၀၀ဆိုင်ဟာ စျေးသက်သာတဲ့စတိုးဆိုင်များအထဲမှ တစ်ခုဖြစ်ပါတယ်။ များပြားလှတဲ့ပစ္စည်းများကို (၁၀၀ယန်း+အခွန်)နှုန်းထားဖြင့် စျေးသက်သာစွာရောင်းချပေးလျက်ရှိပါတယ်။ စျေးနှုန်းသက်သာတဲ့အတွက်ကြောင့် ဂျပန်လူမျိုးများနှင့် နိုင်ငံခြားသားများပါ သဘောကျနှစ်သက်လျှက်ရှိပါတယ် ။ စျေး၀ယ်သူများဟာ နေ့စဥ်သုံးပစ္စည်းနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကို ထိုဆိုင်တွင် ဝယ်ယူကြပါတယ်။ ယန်း ၁၀၀ ဆိုင်မှာ ဘယ်လိုပစ္စည်းမျိုးကို၀ယ်လို့ရနိုင်လဲ?

 

အိမ်သုံးပစ္စည်း:ပု၀ါ၊ ခြေစွပ်၊ ထိုးဖိနပ်၊ အပ်ချည်ကြိုး။

စားသောက်ပစ္စည်း:လက်ဖက်ရည်ခွက်၊ ပန်းကန်လုံး၊ ဖန်ခွက်၊ ဇွန်းခရင်း။

လက်သမားပစ္စည်း:ဝက်အူလှည့်၊ တူ၊ ညှပ်ပလာယာ၊ ပေကြိုး၊ Cutter။

မီးဖိုချောင်သုံးပစ္စည်း:ဒယ်အိုး၊ လက်တံပါရေခွက်၊ coffee filter၊ စားစရာထည့်ခွက်၊

အကင်ကင်ရာမှာအသုံးတဲ့ခဲပြား။

ဥယာဥ်စိုက်ပျိုးရေးသုံးပစ္စည်း:ရေဖျန်းပုံး၊ မြေခြစ်တံ၊ မျိုးပင်။

အပန်းဖြေသုံးပစ္စည်း:ဖဲ၊ စားပွဲတင်တင်းနစ်ပစ္စည်း၊ ရေကူးမျက်မှန်။

သန့်ရှင်းရေးသုံးပစ္စည်း:ပြတင်းပေါက်သုတ်ပိုင်း၊ စားပွဲသုတ်ပိုင်း၊ အိုးခွက်ပန်းကန်တိုက်ရေမြုပ်၊ ပန်းကန်ဆေးဆပ်ပြာ၊ အ၀တ်လျှော်ဆပ်ပြာ။

 

ယန်း ၁၀၀ဆိုင်များမှာ ပစ္စည်းအမျိုးအစားစုံလင်စွာရောင်းချလျှက်ရှိပြီး တစ်ယောက်တည်းနေသမား များအတွက် အဆင်‌ပြေလိမ့်မည်လို့ထင်ပါတယ်။

ယန်း၁၀၀ဆိုင်များတွင် ၁၀၀တန်ပစ္စည်းများကို အဓိကရောင်းချပြီး စျေးနှုန်းယန်း၂၀၀နှင့် အထက်ပစ္စည်းများကိုလည်းရောင်းချလျှက်ရှိပါတယ်။ ပစ္စည်းအပေါ်မူတည်၍စျေးနှုန်း၃၀၀ယန်း၊ ၅၀၀ယန်း၊ ၆၀၀ယန်းနှင့် ၈၀၀ယန်းများအထိရှိပါတယ်။ သတိမထားဘဲ ၀ယ်မိ လျှင်မိမိမှန်းဆထားသည်ထက်ပိုမိုကုန်ကျနိုင်သည့်အတွက် ၀ယ်ယူရာတွင် စျေးနှုန်းသေချာ စွာစစ်ဆေးရန်လိုအပ်ပါတယ်။ စျေးနှုန်းအသေးစိတ်မရေးထား သော အခါမျိုးတွင် ဆိုင်

၀န်ထမ်းများကိုမေးမြန်းပါ။

 

တစ်နိုင်ငံလုံးမှာလည်း ယန်း၁၀၀ဆိုင်အမြောက်အများရှိပါတယ်။ မိတ်ဆွေတို့လည်း မိမိအိမ်အနီးအနားလမ်းလျှောက်တဲ့အခါမျိုးမှာ ယန်း၁၀၀ဆိုင် ရှိလားဆိုတာကို ရှာကြည့်ပါနော်။