会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

ကောက်ရပစ္စည်းများကို ရဲကင်း/ရဲစခန်းတွင် အပ်နှံရမည်

16.06.2020

ကောက်ရပစ္စည်းများကို ရဲကင်း/ရဲစခန်းတွင် အပ်နှံရမည်

 

ပိုက်ဆံအိတ်ကောက်ရ၍ရဲကင်း၊ရဲစခန်းသို့အကြောင်းမကြားဘဲမိမိပိုင်ပစ္စည်းအဖြစ်သိမ်း ဆည်းထားလျှင်ဘယ်လို ဖြစ်လာနိုင်လဲ?

“ဘယ်သူမှမမြင်လို့” “လုံခြံရေးကင်မရာမရှိလို့” “ပိုက်ဆံပမာဏ နည်းနည်းလေးပဲမို့လို့ ” စတဲ့ အကြောင်းပြချက်အမျိုးမျိုးကြောင့်ကောက်ရငွေအားမိမိပိုင်ပစ္စည်းအဖြစ်သိမ်းထားခြင်းဟာလည်း ပြစ်မှုမြောက်ပါတယ်။

ကောက်ရပစ္စည်းအားမိမိပိုင်ပစ္စည်းအဖြစ်သိမ်းထားခြင်းကိုပြစ်မှုဆိုင်ရာဥပဒေတွင် “ပျောက်ဆုံးပစ္စည်း အလွဲသုံးစားပြုမှု” ဟူ၍သတ်မှတ်ထားပြီး ပြစ်ဒါဏ်အနေဖြင့် ထောင်ဒဏ် (၁)နှစ်နှင့်အထက်သို့မဟုတ်ဒဏ်ကြေးငွေအများဆုံးယန်း(၁၀)သောင်းအထိပေးဆောင်ရ နိုင်ပါတယ် ။

ပိုက်ဆံအိတ်စတာတွေကို ကောက်ရတဲ့အခါမှာလည်း အိတ်အတွင်းရှိပစ္စည်းများကို ကိုင်တွယ်

ထိတွေ့ခြင်းများမပြုလုပ်ဘဲရဲကင်း/ရဲစခန်းသို့အပ်ရပါမယ်။ထိုကဲ့သို့ပြုလုပ်ခြင်းအားဖြင့် ပိုက်ဆံအိတ်ပျောက်ပြီး ဒုက္ခ‌ရောက်နေသူကိုလည်းကူညီရာရောက်ပါတယ်။