会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

ဘိုးဘွား၀ိညာဥ်များကိုကန်တော့ခြင်း (အိုဘွန်း)

18.06.2020

ဘိုးဘွား၀ိညာဥ်များကိုကန်တော့ခြင်း (အိုဘွန်း)

 

အိုဘွန်းဆိုတာက သြဂုတ်လ(ဒေသအလိုက်မတူညီပါ) ၁၃ရက်နေ့မှာ ဘိုးဘွား၀ိညာဥ်များ ကိုသွား ကြိုကာအိုဘွန်းကာလအတွင်း အိမ်တွင်ကျွေးမွေးပူဇော်ခြင်းများပြုလုပ်ပြီး အတူတကွအ ချိန်ကုန်ဆုံးတဲ့ နေ့ရက်များကိုဆိုလိုပါတယ်။ ခေါ်လာပြီးနောက် ၁၆ရက်နေ့မှာ သင်္ချိုင်းဂူသို့ ပြန်လည်ပို့ဆောင်ပါတယ်(ဒေသအလိုက်မတူညီပါ)။ ဂျပန် အိုဘွန်းရာသီမှာ ခရမ်းသီးနှင့် သခွါးသီးများဖြင့် နွားနှင့်မြင်းရုပ်များပြုလုပ်လေ့ရှိပါတယ်။ အကြောင်းမှာ အိုဘွန်းရာသီမှာ သေဆုံး သွားသူအဘိုးအဘွား၀ိညာဥ်များ အိမ်ကိုအလည်လာရာတွင် စီးနင်းရန်အတွက် ပြုလုပ်ခြင်းပဲဖြစ်ပါ တယ်။ အိမ်အလာခရီးအတွက် သခွါးသီးဖြင့်ပြုလုပ်ထားတဲ့ မြင်းရုပ်ကိုစီးနင်းလာခိုင်းစေခြင်းမှာ အိမ်ကိုမြန်မြန်ရောက်ပြီးတတ်နိုင်သလောက်အချိန်ကြာကြာနေစေချင်လို့ပဲဖြစ်ပါတယ်။ အပြန်ခရီး ကို ခရမ်းသီးဖြင့်ပြုလုပ်ထားတဲ့ နွားရုပ်ကို စီးနင်း၍ပြန်ခိုင်းရခြင်းမှာ ရှု့ခင်းများကိုကြည့်ရှု့ခံစားရင် အေးဆေးစွာပြန်စေလိုတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ ယခုခေတ် အိုဘွန်းကာလများမှာ အလုပ်မ အားလုပ်သူများလည်းရှိကြပြီး၊ တော်ရုံလည့်မကြည့်နိုင်ကြသူများလည်း များပြားလျှက်ရှိပါတယ်။ အကယ်၍ မိတ်ဆွေတို့လည်းယခုလိုမြင်ကွင်းမျိုး တစ်နေရာရာမှာတွေ့ရင် ကြုံတောင့်ကြုံခဲ့ဖြစ် ရပ်လို့ ယူဆနိုင်ပါတယ်။