会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

Kaiten sushi(လှည့်ပတ်ဆူရှီ)

25.06.2020

Kaiten sushi(လှည့်ပတ်ဆူရှီ)

 

kaiten sushiဆိုတာက ဆူရှီအစားအသောက်များကိုမိမိထိုင်နေသည့်စားပွဲရှေ့မှာလည့်ပတ်သွားလာအောင်ပြုလုပ်ပေးထားခြင်းဖြစ်ပြီး ထိုလှည့်ပတ်နေတဲ့အရာများထဲမှမိမိကြိုက်နှစ်သက်ရာ ဆူရှီကိုယူ၍သုံးဆောင်နိုင်ခြင်းကိုဆိုလိုပါတယ်။

 

・စားသောက်ရန်မှာယူခြင်း

အောက်ပါနည်းလမ်း (၃)ခုထဲမှ တစ်နည်းနည်းဖြင့် မှာယူစားသောက်နိုင်ပါတယ်။

1.လှည့်ပတ်နေသာ ဆူရှီခုံပြားပေါ်မှ မိမိကြိုက်နှစ်သက်ရာ ဆူရှီများကို ယူစားခြင်း။ထိုကောင်တာအတွင်းမှာရှိသောဆိုင်၀န်ထမ်း နှင့် စားပွဲထိုးများကိုခေါ် ၍မှာယူခြင်း။အဆင်သင့်ထားရှိပေးထားသော Touch Screen Device များကိုနှိပ်၍မှာယူခြင်း။.

အထူးသဖြင့် မိမိစားချင်တဲ့ဆူရှီများလှည့်ပတ်စားပွဲပေါ်မှာမရှိတော့တဲ့အခါမျိုးတွင်ဆိုင်၀န်ထမ်းနှင့်စားပွဲထိုးများကိုခေါ်၍တိုက်ရိုက်မှာယူနိုင်ပါ တယ်။နောက်ပြီး ပြုလုပ်ပြီးခါစ လတ်ဆတ်တဲ့ဆူရှီများကိုစားချင်လျှင်လည်း ထိုကဲ့သိုခေါ် ၍မှာယူနိုင် ပါတယ် ။အချို့ဆိုင်များတွင် Touch Screen Deviceများထားရှိပေးထားပြီး ထိုdevice အတွင်းမှ ဆူရှီပုံများ၊ဘာသာစကားအမျိုးမျိုးကိုထည့်သွင်းထားခြင်းများရှိတဲ့အ တွက် မိမိကိုယ်တိုင်မှာယူနိုင်ပါတယ်။ ထို Device များကိုအသုံးပြုပြီးမှာယူစားသောက်နိုင် ပါတယ်။

 

・ဆူရှီစားသောက်နည်း

kaiten sushiဆိုင်ဆိုတာကရွှေ့လျားလှည့်ပတ်နေသောကောင်တာစနစ်ကိုအသုံးပြုထားသောဆူရှီရောင်းဆိုင်ဖြစ်ပါတယ် ။ ထိုလှည့်ပတ်နေသောကောင်တာပေါ် ရှိဆူရှီပန်းကန်မှ ဆူရှီ များကိုမိမိကြိုက်နှစ်သက်ရာရွေးယူပြီး ပဲငံပြာရည်(shouyu)ဖြင့် တို့၍ စားသုံးနိုင်ပါတယ်။ လက်ဖက်ရည်၊ ဂျင်းချဥ်ဖတ်များနှင့်အတူ တွဲဖက်စားသောက်လျှင် အရသာပိုရှိပါတယ်။

မကြာသေးမီက kaiten sushiဆိုင်များတွင် ငါးမပါဆူရှီ နှင် ဆူရှီမဟုတ်တဲ့ တခြားစားစရာ များကိုပါရွှေ့လျားလှည့်ပတ်ရောင်းချလာကပါတယ်။ နောက်ပြီး ဟမ်ဘာဂါ၊ အသားကင်ဆူ ရှီများ၊ အသီးအရွက်ဆူရှီများ လည်းတွေ့နိုင်ပါတယ်။ ဖျော်ရည်နှင့် အသီးအနှံ များအထိပါ ထိုသို့ရွှေ့လျားလှည့်ပတ်ကောင်တာများတွင် ရောင်းချလျှက်ရှိပါတယ် ။ ပြီးဆုံးလျှင်စားသောက်ထားသည့်ပန်းကန်ကိုရေတွက်၍ ပိုက်ဆံရှင်းရပါမယ်။ စားပြီးပန်း ကန်များကို ပြန်မထားမိစေရန်လည်း သတိပြုပါ။

 

သင်တို့ရောဘယ်လိုထင်လဲ? kaiten sushi ဟာ စျေးချိုထဲဆိုင်များမှ အဆင့်မြင့်ဆိုင်များ အထိအမျိုးမျိုးရှိကြတယ်။ အခုဆောင်းပါးကို ဖတ်ပြီး မိတ်ဆွေတို့လည်း ဂျပန်ရောက်ရင် kaiten sushi ကိုစားသုံးကြည့်ရန် တိုက်တွန်းလိုက်ပါတယ်။