会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

စားသောက်ရာတွင် သတိပြုရမည့်အရာများ။

30.06.2020

စားသောက်ရာတွင် သတိပြုရမည့်အရာများ။

 

အစားအစာကို နေ့စဉ်ပုံမှန်စားသောက်နေကြ ဖြစ်ပေမေယ့် နည်းလမ်းမှန်ကန်စွာ စားသောက်နည်းနဲ့ ပတ်သတ်လျှင်တော့ မသိရှိ‌သေးတဲ့ အချက်တွေ များစွာရှိပါတယ်။ 

 

ဂျပန်စားစရာများကို စားသောက်ရာတွင် ဂျပန်လူမျိုးထုံးစံအတိုင်း နည်းလမ်းမှန်ကန်စွာ စားသောက်နည်းကတော့ ပန်းကန်လုံး၊ ကြွေပန်းကန်လုံးများကို လက်ဖြင့်မ၍ စားသောက်ခြင်းဖြစ်ပါတယ်။ ပန်းကန်လုံးများကို စားပွဲပေါ်မှာ တင်လျက်အနေအထားအတိုင်း စားခြင်းမှာ ရိုးရာယဥ်ကျေးမှုကို ဆန့်ကျင်ရာရောက်တဲ့အပြင် ဦးခေါင်းကလည်း စားစရာနှင့် ကပ်လျက်အနေအထားဖြစ်နေပြီး ကိုယ်ဟန်အနေအထားလည်း ပုံမှန်မဟုတ်တာကို သတိပြုရပါမယ်။

 

စားပွဲပေါ်ကို တံတောင်ဆစ်ထောက်ပြီး စားသောက်ခြင်းဟာလည်း ဆိုးရွားတဲ့ အပြုအမှုဖြစ်ပြီး ကလေးဆန်တဲ့ ပုံရိပ်အဖြစ် ထင်မှတ်နိုင်စေတဲ့အတွက် ကိုယ်နေဟန်ထား မှန်မှန်ကန်ကန်ဖြင့် စားသောက်ကြပါစို့နော်။ 

 

စားသောက်ပုံအမူအကျင့် အမျိုးမျိုးရှိသော်ငြားလည်း စားသောက်ချိန်မှာ အစားအစာတွေကို မြိန်ယှက်စွာ စားသောက်မှုကတော့ အဓိကအချက်ပဲ ဖြစ်ပါတယ်။ 

 

ပတ်ဝန်းကျင်ရှိလူများကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အပြုအမူတွေကို အတတ်နိုင်ဆုံး ရှောင်ရှားပြီး မိမိ ကြိုက်နှစ်သက်တဲ့ အစားအသောက်တွေကို မြိန်ယှက်စွာ စားသုံးကာ သာယာတဲ့ အချိန်လေးကို ဖန်တီးကြပါစို့နော်။