OLS家賃保証サービス OLS家賃保証サービス

会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

Yakinikuအသားကင်။

09.07.2020

Yakinikuအသားကင်။

 

“ဂျပန်စားစရာများထဲတွင် ကြိုက်နှစ်သက်သောစားစရာများရှိပါသလား? “ “ကျွန်တော်ကြိုက်တဲ့စားစရာကတော့ အားလုံးနှင့်အတူတူစားသောက်လို့ရတဲ့ Yakiniku လို့ခေါ်တဲ့ စားစရာပဲဖြစ်ပါတယ်ခမျာ။”

Yakiniku သည်ဂျပန်တွင်ရှေးကတည်းကတည်ရှိသော စားစရာမဟုတ်ဘဲ၊ ကိုရီးယားကျွန်း

ဆွယ်၏အစားသောက်တစ်မျိုးဖြစ်ပြီး ထိုမှတဆင့်ဂျပန်နိုင်ငံသို့ရောက်ရှိလာသော စားစရာ တစ်မျိုးဖြစ်ပါသည်။ “ဒါဆိုရင် ဂျပန်ပုံစံ Yakiniku ရဲ့အားသာချက်က ဘာတွေပါလဲ?”

ဂျပန်Yakinikuဆိုင်များတွင် လျှာ၊ နံရိုးအသား၊ ဝမ်းဗိုက်အသား၊ အတွင်းသား၊ အူစသည့်အမျိုးမျိုးသောအစိတ်အပိုင်း၊ အမျိုးအစားများရှိပါသည်။ အမျိုးအစားအပေါ်မူတည်၍ အရသာများလည်း မတူညီနိုင်ပါ။ 

 

Yakinikuကိုအရသာရှိစွာစားသောက်နိုင်ရန်အတွက် အသားများကိုမကင်မီ အောက်ပါအချက်များကို သိထားသင့်သည်ဟုထင်ပါသည်။ 

 

1.ကင်မည့်သံကွန်ယက်ကို အပူပေးပါ။

ပထမဆုံးအနေဖြင့် သံကွန်ယက်ကို မဖြစ်မနေအပူပေးပြီးမှ ကင်ရန်ဖြစ်သည်။ အပူချိန်နိမ့်လျှင် အသားများကပ်နေခြင်း၊ အသားမှာကိုခွါလျှင် အရည်များစီးကျနိုင်သောကြောင့်ဖြစ်သည်။ 

 

  1. 2.အသားများကိုကင်ရာတွင် အစဥ်လိုက်ကင်ခြင်းနှင်ပတ်သက်၍။

အခြေခံအားဖြင့်အရသာသိပ်မပါသော အသားများမှ စ၍ကင်လျှင်ပိုကောင်းပါသည်။ ဥပမာအားဖြင့် ဆားအရသာလျှာကင်၊ အူအမျိုးအစားများ၊ အတွင်းသား၊ ၀မ်းဗိုက်သား စသဖြင့်အစဥ်လိုက်ကင်ရန်ဖြစ်သည်။ Yakinikuအရည်ဆွတ်ထားသောအသားမှစတင်၍ကင်ပါက အကင်သံပြားများညစ်ပေသွားနိုင်သည့်အတွက်ကြောင့်ဖြစ်ပါသည်။ ဆီနည်းပါးသောအသားမှ အဆီများသောအသားသို့ အစဥ်လိုက်ကင်သွားခြင်းက အကင်ကိုပို၍ အရသာရှိစေပါသည်။ 

 

3.အသားအများအပြားကို တစ်ကြိမ်တည်းမကင်မိစေရန်သတိပြုပါ။

အသားကင်ရာတွင် တစ်ယောက်လျှင် အသားတစ်ပြားနှုန်းကင်သင့်ကြောင်း အကြံပြုပါသည်။ အကင်ပြားပေါ် သို့တစ်ကြိမ်တည်းဖြင့် အများအပြားတင်လိုက်ပါက အကင်ပြားအပူချိန်ကျသွားနိုင်ပြီး အသားက်င်အရသာမရှိဖြစ်သွားနိုင်ပါသည်။ ကင်နည်းမှာ မီးပြင်း

ဖြင့် အချိန်တိုတောင်းစွာကင်ရန်ဖြစ်သည်။ 

 

အခြေခံအားဖြင့် အောက်ပါအရသာ ၅မျိုးကိုဆွတ်၍ကင်ကြပါသည်။ ထိုအရသာများသည်အကင်ဆိုင်သို့သွားလျှင်အစဥ်အမြဲ တွေရလေ့ရှိသော အရသာများဖြစ်ပါသည်။ 

 

・ငန်ပြာရည်အရသာအကင်အရည်(Shouyuu Tare)

・Miso အရသာအကင်အရည် (Miso Tare)

・ဆားအရသာ(Shio)

・ဆားရည်(ShioDare)

・အချဥ်ရည်(Ponzu)

 

ကင်ထားသောအသားများကို ထိုအရည်များဆွတ်၍စားသုံးခြင်း၊ ဆားအရသာအသားကင်များတွင် သံပုရာရည်များကိုညစ်၍ စားသုံးခြင်းက ပိုမိုအရသာရှိစေပါသည်။ ဂျပန်လူမျိုးများနှင့်နိုင်ငံခြားသားများလည်း ဂျပန်အသားကင်(Yakiniku)များသည်အရသာရှိသည်ဟု ပြောဆိုဂုဏ်ယူကြသည့်အတွက် မိတ်ဆွေတို့လည်း စားကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။ စနေ၊တနင်္ဂနွေပိတ်ရက်များတွင် အသားကင်ဆိုင်များသို့ သွားရောက်စားသောက်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။