会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

TatakiBashi (တူဖြင့်ခေါက်ခြင်း။)

14.01.2021

TatakiBashi (တူဖြင့်ခေါက်ခြင်း။)

 

တူဖြင့်စားသောက်ပန်းကန်ခွက်၊ စားပွဲများကိုအသံထွက်အောင်ခေါက်ခြင်း၊ ထိုသို့အသံထွက်အောင်ခေါက်၍ လူကိုခေါ်ခြင်းကိုဆိုလိုသည်။ ရှေးယခင်က ပန်းကန်လုံးကိုခေါက်လျှင် နတ်ဆိုးများရောက်လာနိုင်သည်ဟု အဆိုရှိကြပါသည်။ ထိုသို့ခေါက်ခြင်းသည် နတ်ဆိုးများကိုဖိတ်ခေါ်နေသည်ဟု အယူရှိသည့်အတွက်တူဖြင့်စားသောက်ပန်းကန်ကိုခေါက်၍ လူကိုခေါ်ခြင်းသည် ရိုင်းစိုင်းသည်ဟု

ယူဆကြပါသည်။ ဂျပန်ကာတွန်းများတွင် “ထမင်း မရသေးဘူးလား” ဟူသောစကားနှင့်အတူ ပန်းကန်ကိုတူဖြင့်ခေါက်နေ သောပုံများကို တွေ့ဖူးပါလိမ့်မည်ထင်ပါသည်။ ထိုအရာများသည့် မယဥ်ကျေးသည့်အပြုအမှုများဖြစ်သည့်အတွက် မလုပ်မိပါစေနှင့်။ စားသောက်ပန်းကန်များကို အသံထွက်အောင်ခေါက်ကစားခြင်းများပြုလုပ်လိုပါက ထမင်းစားချိန်တွင်မပြုလုပ်ဘဲ အခြားအားလပ်

သောအချိန်များတွင်သာ ပြုလုပ်ပါ။