OLS家賃保証サービス OLS家賃保証サービス

会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

မီဆိုဟင်းချိုချက်နည်း

15.01.2021

မီဆိုဟင်းချိုချက်နည်း

 

ပဲပြားနှင့် ပင်လယ်ရေညှိ မီဆိုဟင်းချိုချက်နည်း

 

ပါဝင်ပစ္စည်းများ(တစ်ယောက်စာ)

 

ပဲပြားအမာ(မိုမန်တိုဖူး)                 ၄ပုံ၁ပုံ

ဝါကာမဲ ပင်လယ်ရေညှိခြောက်   လက်ဘက်ရည်ဇွန်း ၁ ဇွန်း

ကြက်သွန်မြိတ်အကြီး                 ၃ စင်တီမီတာ

ရေ                                                ၁ ခွက် (200cc/ ၂၀၀ မီလီလီတာ) 

ဟွန်းဒါရှီးမှုန့်                                   လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

မီဆိုအနှစ်                                       လက်ဘက်ရည်ဇွန်း ၂ ဇွန်း

 

ပြုလုပ်နည်း

 

① ပဲပြားကို ၁.၅ စင်တီမီတာအရွယ်ခန့်အတုံးလေးများတုံးပါ။

 ကြက်သွန်မြိတ်အကြီးကို ၂မီလီမီတာခန့် အပိုင်းလေးများပိုင်းပါ။ 

 

② အိုးထဲတွင် ရေနှင့် ဟွန်းဒါရှီးမှုန့်ကို ထည့်မွှေကာ မီးပူချိန် အလယ်အလတ်ခန့်ဖြင့်တည်ပါ။     

     ပွက်လာပါက ① မှ ပဲပြားကို ထည့်ကာ ၁မိနစ်ခန့်ထားပါ။ ပြီးလျှင် ဝါကာမဲ ပင်လယ်ရေညှိခြောက်ကို 

     ထည့်ပါ။ 

 

③ မီဆိုအနှစ်ကိုထည့်ပါ။ (မီဆိုအနှစ်ကို ဟင်းချိုထဲတွင် တဖြည်းဖြည်း ပျော်ဝင်စေရန် ဖြည်းဖြည်းချင်း 

      မွှေထည့်ပါ။  

      ① မှ ကြက်သွန်မြိတ်အကြီးကို ထည့်ကာ စက္ကန့် ၂၀ခန့်ထားပါ။ ဟင်းချိုပန်းကန်ထဲထည့်ပြီး 

      သုံးဆောင်နိုင်ပါပြီ။

    ပဲပြားနှင့် ပင်လယ်ရေညှိ မီဆိုဟင်းချိုသည် ဘယ်တော့မှ မရိုးနိုင်သော ဂျပန်ရိုးရာ ဟင်းချိုတစ်မျိုးဖြစ်သည်။