အစုံသုပ် (နှစ်ယောက်စာ)
ပါဝင်ပစ္စည်းများ
① ပါစတာ - ၁ထုံး
② ပဲကြာဇံ - ၁ထုံး
③ ပဲပင်ပေါက် - ၁/၃ထုပ်
④ ပဲပြားကြော်(Aburaage) ― ၁ပြား
⑤ သခွါးသီး - ၁/၃လုံး
➅ ဂေါ်ဖီထုပ် - အနည်းငယ်
➆ မုန်လာဥနီ - ၁/၃(အထက်ပါ၃ခုအစား salad mix ကိုလည်း အသုံးပြုနိုင်သည်။)
⑧ ပုဇွန်ခြောက်မုန့် - ဇွန်းကြီး(၆)ဇွန်း(မရှိပါက ပုဇွတ်ခြောက်ကိုအသုံးပြုနိုင်သည်။(桜エビမရပါ။)
⑨ ဆီ ― အနည်းငယ် အချဥ်ရည်(ဆော့စ်)
⑨ ဆီချက် - ဇွန်းသေး(၆)ဇွန်း
⑩ မကျည်းရည် - ဇွန်းသေး(၄)ဇွန်း(မရှိလျှင် ပျားရည်အရသာမက်မွန်သီး umeboshi တစ်လုံးကို သုံးပါ။)
⑪ Namplar/ငံပြာရည် - ဇွန်းသေး(၈)ဇွန်း
⑫ သံပုရာ/သံပုရာရည် ー အနည်းငယ်
⑬ ကြက်ဥပြုတ် - ၁လုံး
⑭ နံနံပင်ー ― အနည်းငယ်(မရှိလျှင် ထည့်စရာမလိုပါ။)
ချက်ပြုတ်နည်း။
- ပါစတာကိုပြုတ်မည်။ ပြုတ်ပြီးသားပါစတာထဲသို့ ဆီအနည်းငယ်ထဲ၍ မွေပြီး စေးကပ်မနေစေရန် ပြုလုပ်မည်။
ပဲကြာဇံနှင့် ပဲပင်ပေါက်ကို မိမိလိုချင်သည့်အပျော့အမာအထိ ပြုတ်မည်။
ပဲပြားကြော်(Aburaage)ကိုရေနွေးဖြင့်လောင်းချမည်။。(ဆီများကိုဖယ်ထုတ်ရန်အတွက်)
သခွါးသီး၊ ဂေါ်ဖီထုပ်နှင့် မုန်လာဥနီများကို ပါးပါးလှီးမည်။
ပုဇွန်ခြောက်ကို အိမ်သုံးကြိတ်စက်ဖြင့် အမှုန့်ဖြစ်အောင် ကြိတ်မည်။
ဆော့စ်စပ်ရန်အတွက်⑨~⑪ သုံးခုကို ရောမွှေမည်။
ပါစတာ၊ ပဲကြာဇံ၊ ပဲပင်ပေါက်၊ ပဲပြားကြော်၊ အသီးအရွက်၊ ပုဇွန်ခြောက်အမှုန့်တို့ကို ဆော့စ်ဖြင့် ထပ်မံရောနှယ်မည်။
ကြက်ဥပြုတ်နှင့် နံနံပင် ကို နှယ်ထားသောအသုပ်ပေါ်တွင် တင်မည်။
သံပုရာရည်ကို ညစ်/လောင်း၍ သုံးဆောင်နိုင်ပါပြီ။နောက်ထပ် အာလူးပြုတ်၊ ထမင်းဖြူကိုထည့်၍လည်း အရသာရှိစွာ သုံးဆောင်နိုင်ပါသည်။