会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

ဘဲဥဟင်း 

15.01.2021

ဘဲဥဟင်း (၃ ယောက်စာ

 

ပါဝင်ပစ္စည်းများ

၁။ ဘဲဥ                                 ၄ လုံး

၂။ ငါးနီတူခြောက်                  ၁၀ ကောင်ခန့် (ဂျပန် 煮干しငါးခြောက်ကို အစားထိုးသုံးထားပါသည်။ )

၃။ ကြက်သွန်နီ                      ၁လုံး

၄။ ခရမ်းချဉ်သီး                    ခရမ်းချဉ်သီးဗူး၏ ၃ပုံ၁ပုံ သို့ ၁လုံး

၅။ ဂျင်းထောင်း                     လက်ဘက်ရည်ဇွန်း ၃ပုံ ၁ပုံ

၆။ ကြက်သွန်ဖြူထောင်း         လက်ဘက်ရည်ဇွန်း ၃ပုံ ၁ပုံ 

၇။ အရောင်တင်မှုန့်                လက်ဘက်ရည်ဇွန်း ၃ပုံ ၁ပုံ

၈။ ဆနွင်းမှုန့်                         လက်ဘက်ရည်ဇွန်း ၃ပုံ ၁ပုံ

၉။  ငရုတ်သီးစိမ်း                   အနည်းငယ်

၁၀။ ငံပြာရည်                        ထမင်းစားဇွန်း ၂ဇွန်း 

၁၁။ ဆား                               လက်ဘက်ရည်ဇွန်း တစ်ဝက်

၁၂။ မန်ကျည်းအနှစ်               လက်ဘက်ရည်ဇွန်း ၂ဇွန်း

၁၃။ သကြား                          လက်ဘက်ရည်ဇွန်း တစ်ဝက်

၁၄။ ဆီ                                 ထမင်းစားဇွန်း ၁ဇွန်း 

 

၁။ ဘဲဥကို ၁၀မိနစ်ခန့် ပြုတ်ပါ။ ကျက်လျှင် ‌ဆယ်ပြီး ရေအေးထဲတွင်စိမ်ပါ။ ပြီးနောက် အခွံခွာပြီး ထက်ခြမ်းခြမ်းထားပါ။ 

၂။ ကြက်သွန်နီကို ပါးပါးလှီးပါ။ ကြိတ်စက်ရှိပါက ကြိတ်ထားပါ။

၃။ ခရမ်းချဉ်သီး အလုံးကိုသုံးပါက ခပ်သေးသေးစိတ်ထားပါ။

၄။ ဒယ်အိုးထဲတွင် ဆီထည့်ကာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ အရောင်တင်မှုန့်၊ ဆနွင်းမှုန့်ထည့်ပြီး ဆီသတ်ပါ။ 

၅။ အနံ့မွှေးလာပါက ခရမ်းချဉ်သီးထည့်ပါ။ ဒယ်အိုးကပ်လာပါက ရေ ၅၀ml ထည့်ပြီး မီးအေးအေးဖြင့် ဆီသတ်ပါ။ 

၆။ ငံပြာရည် ထည့်ပါ။

၅။ ငါးနီတူခြောက်နှင့် ရေ ၂၅၀ ml ထည့်ပြီး ၅မိနစ်ခန့်တည်ပါ။ (ငါးခြောက်မထည့်လိုပါက ဆားအနည်းငယ်ထည့်ပြီး အရသာ အပေါ့အငန်ကို ချိန်ပါ။)

၆။ ငါးခြောက်ကျက်လျှင် မန်ကျည်းအနှစ်၊ သကြားထည့်ပြီး အရသာမြည်းပါ။

၇။ ဘဲဥထည့်ပါ။ ဘဲဥထဲ အရသာစိမ့်ဝင်စေရန် ၃မိနစ်ခန့်ရှိပါက  တစ်ခြားဖက်လှန်ပါ။ 

၈။ ငရုတ်သီးစိမ်းထည့်ပြီး မီးပိတ်ကာ သုံးဆောင်နိုင်ပါပြီ။