会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

အစုံသုပ်

15.01.2021

အစုံသုပ် (နှစ်ယောက်စာ)

ပါဝင်ပစ္စည်းများ

① ပါစတာ  - ၁ထုံး

② ပဲကြာဇံ  - ၁ထုံး

③ ပဲပင်ပေါက်  - ၁/၃ထုပ်

④ ပဲပြားကြော်(Aburaage)  ― ၁ပြား

⑤ သခွါးသီး - ၁/၃လုံး

➅ ဂေါ်ဖီထုပ် - အနည်းငယ်

➆ မုန်လာဥနီ   - ၁/၃(အထက်ပါ၃ခုအစား salad mix ကိုလည်း အသုံးပြုနိုင်သည်။)

⑧ ပုဇွန်ခြောက်မုန့် - ဇွန်းကြီး(၆)ဇွန်း(မရှိပါက ပုဇွတ်‌ခြောက်ကိုအသုံးပြုနိုင်သည်။(桜エビမရပါ။)

⑨ ဆီ    ― အနည်းငယ် အချဥ်ရည်(ဆော့စ်)

⑨ ဆီချက်    - ဇွန်းသေး(၆)ဇွန်း

⑩ မကျည်းရည် - ဇွန်းသေး(၄)ဇွန်း(မရှိလျှင် ပျားရည်အရသာမက်မွန်သီး umeboshi တစ်လုံးကို သုံးပါ။)

⑪ Namplar/ငံပြာရည် -  ဇွန်းသေး(၈)ဇွန်း

⑫ သံပုရာ/သံပုရာရည် ー အနည်းငယ်

⑬ ကြက်ဥပြုတ်  - ၁လုံး

⑭ နံနံပင်ー ― အနည်းငယ်(မရှိလျှင် ထည့်စရာမလိုပါ။)

 

ချက်ပြုတ်နည်း။

 

  1. ပါစတာကိုပြုတ်မည်။ ပြုတ်ပြီးသားပါစတာထဲသို့ ဆီအနည်းငယ်ထဲ၍ မွေပြီး စေးကပ်မနေစေရန် ပြုလုပ်မည်။

    ပဲကြာဇံနှင့် ပဲပင်ပေါက်ကို မိမိလိုချင်သည့်အပျော့အမာအထိ ပြုတ်မည်။
    ပဲပြားကြော်(Aburaage)ကိုရေနွေးဖြင့်လောင်းချမည်။。(ဆီများကိုဖယ်ထုတ်ရန်အတွက်)
    သခွါးသီး၊ ‌ဂေါ်ဖီထုပ်နှင့် မုန်လာဥနီများကို ပါးပါးလှီးမည်။
    ပုဇွန်‌ခြောက်ကို အိမ်သုံးကြိတ်စက်ဖြင့် အမှုန့်ဖြစ်အောင် ကြိတ်မည်။
    ဆော့စ်စပ်ရန်အတွက်⑨~⑪ သုံးခုကို ရောမွှေမည်။
    ပါစတာ၊ ပဲကြာဇံ၊ ပဲပင်ပေါက်၊ ပဲပြားကြော်၊ အသီးအရွက်၊ ပုဇွန်‌ခြောက်အမှုန့်တို့ကို ဆော့စ်ဖြင့် ထပ်မံရောနှယ်မည်။
    ကြက်ဥပြုတ်နှင့် နံနံပင် ကို နှယ်ထားသောအသုပ်ပေါ်တွင် တင်မည်။
    သံပုရာရည်ကို ညစ်/လောင်း၍ သုံးဆောင်နိုင်ပါပြီ။

    နောက်ထပ် အာလူးပြုတ်၊ ထမင်းဖြူကိုထည့်၍လည်း အရသာရှိစွာ သုံးဆောင်နိုင်ပါသည်။