OLS家賃保証サービス OLS家賃保証サービス

会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

ညအချိန် လေမချွန်ရ။

11.03.2021

 ညအချိန် လေမချွန်ရ။

 

ညအချိန်လေချွန်လျှင် မြွေလာသည်ဟု လူအများပြောဆိုလေ့ရှိကြပါသည်။ အချို့က သူခိုးလာတတ်သည်၊ သရဲတစ္ဆေများထွက်လာတတ်သည်၊ မုန်တိုင်းများဖြစ်တတ်သည် စသည့်၀မ်းမြောက်ဖွယ်မဟုတ်သော ပြောဆိုကြပါသည်။နေရာဒေသကိုလိုက်၍ ဆိုးရွားသောအရာများရောက်လာနိုင်ပါသည်။ မည့်သည့်အရာပင်ဖြစ်စေကာမှု ကောင်းသောအရာမဟုတ်နိုင်ပါ။ ညအချိန်လေချွန်ခြင်းသည်လည်း ညဘက်လက်သည်းညှပ်ခြင်းသကဲ့သို့ ကံမကောင်းခြင်းများဖြစ်ကာအနီးပတ်၀န်းကျင်ကို အနှောက်အယှက်ဖြစ်နိုင်သည့်အတွက် ထိုအရာများမဖြစ်ရန် ဆိုဆုံးမသည့်အနေဖြင့် ပြောဆိုပုံရပါသည်။ ‌‌အမှန်ပင် ရှေးခေတ်ကသူခိုးများ သည် အချက်ပြရာတွင် လေချွန်ခြင်းကိုအသုံးပြုခဲ့ကြပါသည်။ ထို‌သို့လေချွန်ခြင်းကြောင့် အချက်ပြသည့်အထင်ဖြင့် သူခိုးများအမှန်တကယ် ခိုးသွားခြင်းများရှိပုံရပါသည်။