会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

နွေရာသီပွဲတော်

11.01.2020

နွေရာသီပွဲတော်

 

နွေရာသီပွဲတော်များကို ဇူလိုင်လ၊ သြဂုတ်လ ရောက်လျှင် ဒေသေအလိုက် ကျင်းပလေ့ရှိကြပါ

တယ်။ စည်ကားသိုက်မြိုက်တဲ့ဂီတပွဲတော်နှင့်တကွ ကြီးမားတဲ့နတ်စင်များကိုထမ်းပြီး မြို့

ပတ်လှည့်လည်ကာ ချီတက်လမ်းလျှောက်ကြပါတယ်။ ဘာဖြစ်လို့နွေရာသီပွဲတော်တွေကို

ကျင်းပကြတာလဲ? ရှေးတုန်းက ဆေး၀ါး၊ အစားအသောက်နှင့် နေထိုင်မှုပုံစံဟာ ယခုလိုမျိုး အနေအထား မဟုတ်ခဲ့ပါဘူး။ အထူးသဖြင့် လူအများအပြားနေထိုင်တဲ့မြို့တွေမှာ မိုးရာသီမှ နွေရာသီအထိ ရောဂါထူပြောသောကာလဖြစ်ခဲ့ပါတယ်။ ထို့အတွက်ကြောင့် နတ်ဘုရားများ တင်ဆောင်ထားတဲ့နတ်စင်များကို ထမ်းပြီး မြို့အနှံ့လှည့်လည်ကာ ‌ရောဂါများပျောက်ကင်းစေ ရန်ဆုတောင်းကြပါတယ်။ ထိုအချိန်မှအစပြု၍ ယနေ့ထိ ကျင်းပလာကြတာဟု ဆိုကြပါတယ်။ “၀..ရှီ” လို့ပြိုင်တူအသံထွက်ကာ လူအားလုံး နတ်စင်ကိုမပင့်ကာထမ်းပြီး တန်းစီလျှောက်ကြပါ တယ်။ မိတ်ဆွေတို့လည်း နွေရာသီယဥ်ကျေးမှုပွဲတော်ကိုဆင်နွဲကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်နော်။