会員申込

ログイン

ဂျပန်ယဉ်ကျေးမှု

ကီမိုနိုယဉ်ကျေးမှု

15.09.2019

 

ကီမိုနိုယဉ်ကျေးမှု

 

ကီမိုနိုဝတ်ဆင်တဲ့ ယဉ်ကျေးမှုဟာ နှစ်ကာလအတော်ကြာမြင့်ပြီဖြစ်တဲ့ ဂျပန်ရိုးရာယဥ်ကျေးမှု တစ်ခုဖြစ်ပါတယ်။ မကြာသေးမီ အချိန်ကာလမှစပြီး ဂျပန်နိုင်ငံမှာ အနောက်တိုင်း အဝတ်အထည်များ ဝတ်ဆင်လာကြသော်ငြား ကီမိုနိုကိုတော့ ယနေ့ခေတ်တွင်လည်း မပျောက်မပျက် ဝတ်ဆင်လျက် ရှိကြပါတယ်။  ဒီလို နှစ်သက်စွာ ဆက်လက်ဝတ်ဆင်ကြခြင်းဟာ ကီမိုနိုရဲ့ လှပမှု တစ်ခုတည်းကြောင့်တော့ မဟုတ်ပင်။ ကီမိုနိုဟာ  ဂျပန်နိုင်ငံရဲ့ လူမှုဘဝနှင့် ယဥ်ကျေးမှုကို ပေါင်းစပ်ထားပြီး  ဂျပန်လူမျိုးတို့၏ ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန်နှင့် မျက်နှာသွင်ပြင်ကို ထင်ဟပ်စေကာ ရာသီဥတု လေးမျိုးစလုံးအတွက် သင့်တော်တဲ့ အဝတ်အစားဖြစ်ပါတယ်။

 

ရှေးယခင်ကတည်းကပင် ကျင်းပကြတဲ့ ရိုးရာနှစ်သစ်ကူးနေ့၊ အရွယ်ရောက်သူများနေ့၊ ကလေးသူငယ်များအတွက်ဆုတောင်းပွဲကဲ့သို့သော တစ်နှစ်ပတ်လုံး ကျင်းပလေ့ရှိတဲ့ အခမ်းအနားတွေမှာ ကီမိုနိုကို  ဝတ်ဆင်ဖို့ အထူးသင့်လျော်ပါတယ်။ ယနေ့ခေတ်မှာ သာမာန်အားဖြင့် အနောက်တိုင်းအဝတ်အစားတွေကို အဓိကဝတ်ဆင်နေကြပြီး၊ ကီမိုနိုဝတ်ဆင်ရန် အခွင့်အလမ်းနည်းသထက်နည်းလာပါတယ်။ အများအားဖြင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ ဘွဲနှင်းသဘင်၊ နွေရာသီပွဲတော်၊ တနဘတပွဲတော် (ကြယ်ပွဲတော်) တို့မှာ ကီမိုနို ဝတ်ဆင်လေ့ ရှိကြပါသည်။မိတ်ဆွေတို့လည်း ဂျပန်ကီမိုနို စမ်းဝတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။