会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

သန့်ရှင်းလှပတဲ့ အိမ်ခန်းဖြစ်အောင် ထိန်းသိမ်းခြင်း

12.09.2019

သန့်ရှင်းလှပတဲ့ အိမ်ခန်းဖြစ်အောင် ထိန်းသိမ်းခြင်း

 

မိမိရဲ့ နေအိမ်၊အခန်းများ သန့်ရှင်းလှပရေးအတွက် လိုက်နာရမည့် အချက်များ

・ပစ္စည်းများကို အသုံးပြုပြီး မူလနေရာတွင် ပြန်ထားပါ။

・အခန်းကို အမြဲတစေ လေ၀င်လေထွက်ရှိအောင် ပြုလုပ်ထားပါ။

အထူးသဖြင့် မိုးရာသီနှင့် နွေရာသီတို့တွင် အပူချိန်မြင့်ပြီး စိုထိုင်းမှုများတဲ့အတွက် လေဝင်လေထွက်ကောင်းရန်နှင့် အခန်းတွင်း မှိုမစွဲစေရန် အထူးသတိပြုပြီး သန့်ရှင်းသပ်ရပ်လှပတဲ့ အိမ်ခန်းဖြစ်အောင် ထိန်းသိမ်းကြရပါမယ်။ 

・ညစ်ပေနေသော အိုးခွက်ပန်းကန်များကို ချက်ချင်းဆေးကြောပါ။

ညစ်ပေနေတဲ့ အိုးခွက်ပန်းကန်များ ဘေစင်အတွင်း စုပုံနေလျှင် အနံ့အသက်ဆိုးရွားလာစေတဲ့အတွက်

ချက်ချင်းဆေးကြောတဲ့ အလေ့အထကို ပြုလုပ်ကြပါစို့။

・နေ့တိုင်း ဖုန်စုပ်စက်ဖြင့် ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ပါ။

အိမ်ခန်းကို အမြဲ့တစ သန့်ရှင်းရေးလုပ်တဲ့ အလေ့အထကို ပြုလုပ်ကြပါစို့။

 

သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်များနှင့် စုပေါင်းနေထိုင်တဲ့အခါမှာလည်း အမှိုက်ပစ်တာ၀န်နှင့် သန့်ရှင်းရေးတာဝန်တွေကို အာလုံးစုပေါင်းပြီး အလှည့်ကျ ဆောင်ရွက်ခြင်းမှာ နည်းလမ်း‌ကောင်းတစ်ခုဖြစ်ပါတယ်။