会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

ဝရံတာ အသုံးပြုပုံ

03.09.2019

ဝရံတာ အသုံးပြုပုံ

 

 

ဂျပန်နိုင်ငံရဲ့ အဆင့်မြင့်တိုက်ခန်းနှင့် ရိုးရိုးတိုက်ခန်းများတွင် မီးလောင်မှုစတဲ့ အရေးပေါ်အခြေအနေမျိုးတွေမှာ ၀ရံတာကို အရေးပေါ်ထွက်ပေါက်အဖြစ် အသုံးပြုကြပါတယ်။ 

၀ရံတာရဲ့ ကြမ်းပြင်မှာရှိတဲ့ ထွက်ပေါက်ငယ်လေးရဲ့ အဖုံးပေါ်မှာ ပစ္စည်းတွေ တင်မထားရပါ။

ဝရံတာမှာ မိမိအခန်းနှင့် နံဘေးအခန်းကို ခွဲခြားပေးထားတဲ့ နံရံကန့် ပါတေးရှင်းများရှိပြီး၊ အရေးပေါ်အခြေအနေတွင် ဝရံတာကို အရေးပေါ်ထွက်ပေါက် လျှောက်လမ်းအဖြစ် အသုံးပြုမှာ ဖြစ်တဲ့အတွက် ထိုနံရံကန့်ပါတေးရှင်းတွေကို ပိတ်ဆို့အဟန့်အတားဖြစ်စေမယ့် ပစ္စည်းတွေကို မထားရပါ။ 

※အခြား သတိပြုရမည့် အချက်များ။

၀ရံတာမှာ ရေအသုံးပြုတဲ့အခါ အောက်ထပ်အထိ ရေမကျစေရန် သတိပြု အသုံးပြုပါ။ ၁ထပ်၊ ၂ထပ်မှာ နေထိုင်လျှင် ဝရံတာမှတဆင့် မသမာသူတွေ ဝင်ရောက်နိုင်တာကို အထူးသတိပြုပါ။ အိမ်မှာ လူမရှိချိန် တံခါးသော့ကို သေချာခတ်ထားရပါမယ်။