会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

ဂျပန်နိုင်ငံ၏ လုပ်ငန်းခွင်တွင် လိုက်နာရမည့် (HoRenSou) အလေ့အထ

02.09.2019

ဂျပန်နိုင်ငံ၏ လုပ်ငန်းခွင်တွင် လိုက်နာရမည့် (HoRenSou) အလေ့အထ

 

 

ယေဘုယျအနေနဲ့ HoRenSou ဆိုတာကတော့ ဂျပန်နိုင်ငံရဲ့ လုပ်ငန်းခွင်မှာ မိမိရဲ့ အထက်လူကြီးများနှင့် လုပ်ဖော်ကိုင်ဖက်များကို သတင်းပို့တဲ့ အလေ့အထဖြစ်ပါတယ်။ 

 

Houkoku (သတင်းပို့ခြင်း): ဘယ်လိုအခြေအနေမျိုးတွင် သတင်းပို့မလဲ?

‣ပုံမှန်မဟုတ်သောအရာများ တွေ့ရှိတဲ့အခါ

‣အလုပ်တာဝန် တစ်ခုခုလုပ်၍ (မအောင်မြင်) အဆင်မပြေဖြစ်တဲ့အခါ

‣တာ၀န်ပေးခံရသော အလုပ်ပြီးဆုံးသွားတဲ့အခါ

‣မမျှော်လင့်ထားသောအရာများနှင့် မတော်တဆမှုများ ဖြစ်ပွားတဲ့အခါ

 

Renraku (ဆက်သွယ်ခြင်း): ဘယ်လိုအခြေအနေမျိုးတွင် ဆက်သွယ်မလဲ? 

‣ရထား၊ ဘတ်စ်ကား နောက်ကျသောအခါ

‣အလုပ်အချိန်မမှီသောအခါ

‣ချိန်းဆိုထားတဲ့ အချိန်ထက် နောက်ကျနိုင်တဲ့ အခါမျိုးမှာ ချိန်းဆိုကတိပေးထားတဲ့ လူဆီကို ဆက်သွယ်ပါ။

‣အိပ်ပျော်လွန်သွားပါက အိပ်ပျော်လွန်သွားတယ်ဆိုပြီး မိမိဆန္ဒအတိုင်း အလုပ်နား၍ မရပါ။

 →အချိန်မလေးစားပါက အထက်လူကြီးများနှင့် လုပ်ဖော်ကိုင်ဖက်များမှ မိမိအပေါ် ထားရှိသည့်  ယုံကြည်မှုများ ပျောက်ဆုံးသွားနိုင်ပါတယ်။ (ကတိကိုမလေးစားမလိုက်နာသူဟာ အလုပ်လက်မဲ့ ဖြစ်လာနိုင်ပါတယ်။)

 

Soudan (ဆွေးနွေးခြင်း): ဘယ်လိုအခြေအနေမျိုးတွင် ဆွေးနွေးမလဲ?

‣လုပ်ငန်းခွင်တွင် နားမလည်သော အကြောင်းအရာများနှင့် စိတ်ပူပန်မှုများ ရှိနေပါက လုပ်ဖော်ကိုင်ဖက်များ၊ အထက်လူကြီးများနှင့် တိုင်ပင်ဆွေးနွေးပါ။