OLS家賃保証サービス OLS家賃保証サービス

会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

အမည်၏နောက်ဆုံးတွင် (စံ)တပ်ခေါ်ပါ

21.08.2019

အမည်၏နောက်ဆုံးတွင် (စံ)တပ်ခေါ်ပါ

 

ဂျပန်နိုင်ငံရဲ့ လုပ်ငန်းခွင်မှာ မိမိအထက်လူကြီးများရဲ့ နာမည်ကိုခေါ်ဆိုရာတွင် သာမာန်အားဖြင့် နာမည်နောက်တွင် ရာထူးအမည်ကို တပ်၍ ခေါ်ဆိုကြပါတယ်။ အခြားသော လုပ်ဖော်ကိုင်ဖက်များ၊ လုပ်ငန်းမိတ်ဖက်များနှင့် customer များ၏ အမည်ကို ခေါ်ဆိုရာမှာ မျိုးရိုးနာမည်တွင် စံ ကိုထည့်၍ ခေါ်ဆိုကြပါတယ်။  「親しき仲にも礼儀あり」ဟူသော ဂျပန်စကားပုံရှိပါတယ်။  “မည်မျှပင် ခင်မင်ရင်းနှီးစေကာမူ ရိုသေလေးစားမှု ရှိရမည်” လို့ အဓိပ္ပါယ်ရပါတယ်။ 

ရင်းနှီးသောသူပင်ဖြစ်ပါစေ နာမည်နောက်မှာ 〇〇(ရာထူး)နှင့် 〇〇(စံ)၊ 〇〇(ဆမ) လို့ တပ်ပြီး ခေါ်ဆိုကြရပါမယ်။