နှုတ်ခွန်းဆက်ခြင်းနှင့် လူမှုဆက်ဆံရေး
- ရွင်လန်းတက်ကြွစွာနှုတ်ခွန်းဆက်ပြီး တစ်ဖက်လူကိုလည်း ပြန်လည်နှုတ်ခွန်းဆက်ဖြေကြားပါ။
- တစ်ဖက်လူ၏မျက်နှာကိုအသေအချာကြည့်၍ နှုတ်ခွန်းဆက်ခြင်း၊ ဖြေကြားခြင်းတို့ ပြုလုပ်ပါ။
- တစ်ဖက်လူ၏စကားကို အဆုံးထိနားထောင်ပါ။
- မဖြစ်မနေပြန်လည်ဖြေကြားပါ။
- အထက်လူကြီး၊ စီနီယာများ၊ သင်ပြပေးသူများနှင့် လုပ်ဖော်ကိုင်ဖက်များက ပြောသောအရာများကို
နားမလည်ပါက နားမလည်ကြောင်းကို အသေအချာပြောပြပါ။
(ဥပမာ။ နားမလည်လို့ နောက်တစ်ကြိမ်ပြန်ပြောပေးပါ။)