မီဆိုဟင်းချိုချက်နည်း
ပဲပြားနှင့် ပင်လယ်ရေညှိ မီဆိုဟင်းချိုချက်နည်း
ပါဝင်ပစ္စည်းများ(တစ်ယောက်စာ)
ပဲပြားအမာ(မိုမန်တိုဖူး) ၄ပုံ၁ပုံ
ဝါကာမဲ ပင်လယ်ရေညှိခြောက် လက်ဘက်ရည်ဇွန်း ၁ ဇွန်း
ကြက်သွန်မြိတ်အကြီး ၃ စင်တီမီတာ
ရေ ၁ ခွက် (200cc/ ၂၀၀ မီလီလီတာ)
ဟွန်းဒါရှီးမှုန့် လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
မီဆိုအနှစ် လက်ဘက်ရည်ဇွန်း ၂ ဇွန်း
ပြုလုပ်နည်း
① ပဲပြားကို ၁.၅ စင်တီမီတာအရွယ်ခန့်အတုံးလေးများတုံးပါ။
ကြက်သွန်မြိတ်အကြီးကို ၂မီလီမီတာခန့် အပိုင်းလေးများပိုင်းပါ။
② အိုးထဲတွင် ရေနှင့် ဟွန်းဒါရှီးမှုန့်ကို ထည့်မွှေကာ မီးပူချိန် အလယ်အလတ်ခန့်ဖြင့်တည်ပါ။
ပွက်လာပါက ① မှ ပဲပြားကို ထည့်ကာ ၁မိနစ်ခန့်ထားပါ။ ပြီးလျှင် ဝါကာမဲ ပင်လယ်ရေညှိခြောက်ကို
ထည့်ပါ။
③ မီဆိုအနှစ်ကိုထည့်ပါ။ (မီဆိုအနှစ်ကို ဟင်းချိုထဲတွင် တဖြည်းဖြည်း ပျော်ဝင်စေရန် ဖြည်းဖြည်းချင်း
မွှေထည့်ပါ။
① မှ ကြက်သွန်မြိတ်အကြီးကို ထည့်ကာ စက္ကန့် ၂၀ခန့်ထားပါ။ ဟင်းချိုပန်းကန်ထဲထည့်ပြီး
သုံးဆောင်နိုင်ပါပြီ။
ပဲပြားနှင့် ပင်လယ်ရေညှိ မီဆိုဟင်းချိုသည် ဘယ်တော့မှ မရိုးနိုင်သော ဂျပန်ရိုးရာ ဟင်းချိုတစ်မျိုးဖြစ်သည်။