OLS家賃保証サービス OLS家賃保証サービス

会員申込

ログイン

ကမ္ဘာ့သတင်း

အစိုးရမှ တစ်ဦးလျှင် ယန်း ၁၀သောင်း ထောက်ပံ့ကြေး

12.05.2020

အစိုးရမှ တစ်ဦးလျှင် ယန်း ၁၀သောင်း ထောက်ပံ့ကြေး

 

ကိုရိုနာဗိုင်းရပ်စ်ပိုး ပြန့်နှံလာပြီး ပြည်သူများအခက်အခဲတွေ့နေသည့်အတွက် အစိုးရအနေဖြင့်  တစ်ဦးလျှင် ယန်း ၁၀သောင်း ထောက်ပံ့ကြေးပေးရန် ဆုံးဖြတ်လိုက်ပါသည်။

 

ဂျပန်နိုင်ငံတွင်နေထိုင်သည့် ဂျပန်လူမျိုးများနှင့်  ဂျပန်နိုင်ငံတွင် ၃လကျော် နေထိုင်ခွင့်ရှိပြီး ၄လပိုင်း ၂၇ရက်နေ့တွင် အိမ်ထောင်စုစာရင်း လက်ဝယ်ရှိသည့် နိုင်ငံခြားသားများ ယန်း ၁၀သောင်း ထောက်ပံ့ကြေး ရရှိနိုင်ပါသည်။

 

ထောက်ပံ့ကြေးလျှောက်လွှာမှာ မြို့နယ်အစိုးရရုံးမှတစ်ဆင့် မိမိနေထိုင်ရာ အိမ်လိပ်စာသို့ ပို့လာပါမည်။ လျှောက်လွှာပေါ်တွင် ဘဏ်စာရင်းနံပါတ်ကို ရေးဖြည့်ပြီး ဘဏ်စာအုပ်မိတ္တူနှင့်အတူ မြို့နယ်ရုံးသို့ ပေးပို့လျှောက်ထားပါ။ မိုင်နံဘာ ကိုယ်ပိုင်နံပါတ်ကဒ်ပြား ရှိသူများအနေဖြင့်  online မှတစ်ဆင့်လည်း လျှောက်ထားနိုင်ပါသည်။