会員申込

ログイン

အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ

ဤအင်တာနက်စာမျက်နှာ (ကျွန်ုပ်တို့၏ ဝန်ဆောင်မှု ဟုသုံးနှုန်းပါမည်) သည် ONODERA LIFE SUPPORTကုမ္ပဏီလီမိတက် (ကျွန်ုပ်တို့ကုမ္ပဏီ ဟုသုံးနှုန်းပါမည်) မှ စီမံလွှင့်တင်ထားသော စာမျက်နှာဖြစ်ပါသည်။ အင်တာနက်စာမျက်နှာအား အသုံးမပြုမီ အောက်ဖော်ပြပါ အချက်အလက်များအား ဖတ်ရှုပါ။ အသုံးပြုသူသည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအား အသုံးပြုခြင်းဖြင့် အောက်ဖော်ပြပါ အချက်အလက်များကိုသဘောတူလက်ခံသည်ဟု မှတ်ယူပါသည်။ ဖော်ပြပါ အချက်အလက်များအား အသိပေးအကြောင်းကြားခြင်းမရှိဘဲ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။

အပိုဒ် ၁။ ဝန်ဆောင်မှု အသုံးပြုသူများ၏ တာဝန်

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို အသုံးပြုသူများ၏ အချက်အလက်များနှင့် သုံးစွဲသည့်အကြောင်းအရာများကို ကျွန်ုပ်တို့အနေဖြင့် လုံးဝဖော်ပြမည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို အသုံးပြုသူများသည် မိမိ၏ သဘောဆန္ဒအလျောက် အသုံးပြုခြင်းသာဖြစ်ပြီး အသုံးပြုသူတွင်သာ တာဝန်ရှိပါသည်။

အပိုဒ် ၂။ User IDနှင့် Password များအား စီမံခန့်ခွဲမှု
  • ၁။ User IDနှင့် Password များအား အသုံးပြုသူမှ တာဝန်ယူကာ မှန်မှန်ကန်ကန် ထိန်းသိမ်းအသုံးပြုရမည်။
  • ၂။ အသုံးပြုသူအနေဖြင့် မည်သည့်အခြေအနေတွင်ဖြစ်စေ User IDနှင့် Password အား အခြားသူများ (တတိယပုဂ္ဂိုလ်ထံ လွှဲပြောင်းခြင်း၊ ငှားရမ်းခြင်း၊ မျှဝေသုံးစွဲခြင်း မပြုလုပ်ရပါ။
  • ၃။ User IDနှင့် Password များအား တတိယပုဂ္ဂိုလ်မှ အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများအတွက် ကျွန်ုပ်တို့ကုမ္ပဏီမှ တာဝန်ယူမည်မဟုတ်ပါ။
အပိုဒ် ၃။ ရှင်းလင်းချက်
  • ၁။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများနှင့် ပတ်သတ်၍
    ဤအင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည့် အမျိုးမျိုးသော သတင်းအချက်အလက်များ၏ လုံခြုံစိတ်ချရမှု၊ ယုံကြည်ရမှု၊ တိကျမှန်ကန်မှု၊ ပြည့်စုံမှု၊ အကျိုးသက်ရောက်မှု၊ ရည်ရွယ်ချက်တစ်စုံတစ်ရာအတွက် သင့်လျော်မှုတို့အား အာမမခံပါ။ အသုံးပြုသူအနေဖြင့် ဤသတင်းအချက်အလက်များကို အသုံးပြုခြင်း၊ အသုံးမပြုမိခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးဆုံးရှုံးမှုများအား ကျွန်ုပ်တို့ဘက်မှ တာဝန်ယူမည်မဟုတ်ပါ။
  • ၂။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအား အသုံးပြုခြင်းဖြင့် အသုံးပြုသူအချင်းချင်း သို့မဟုတ် အခြားသူများ (တတိယပုဂ္ဂိုလ်)နှင့် ဖြစ်ပွားသည့် ရောင်းဝယ်မှု၊ ဆက်သွယ်မှု၊ အငြင်းပွားမှုများအတွက် ကျွန်ုပ်တို့ကုမ္ပဏီမှ တာဝန်ယူမည် မဟုတ်ပါ။
  • ၃။ ချိတ်ဆက်အင်တာနက်စာမျက်နှာများ၏ အချက်အလက်များနှင့် ပတ်သတ်၍ ဤအင်တာနက်စာမျက်နှာနှင့် ချိတ်ဆက်ထားသော အင်တာနက်စာမျက်နှာများ၏ သတင်းအချက်အလက်များအား အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးဆုံးရှုံးမှုများအား ကျွန်ုပ်တို့ကုမ္ပဏီမှ တာဝန်ယူမည် မဟုတ်ပါ။
  • ၄။ ဆက်သွယ်အသုံးပြုမှု အသုံးပြုသူ၏ smart phone၊ tablet၊ ကွန်ပျူတာ စသည်တို့ကြောင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို အသုံးပြု၍ မရသည့်အခါလည်း ရှိတတ်ပါသည်။ ထို့ပြင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအား အသုံးခြင်းပြုခြင်းနှင့် ဆက်နွယ်သည့် ပြောဆိုဆက်သွယ်ရေးနှင့် အသုံးပြုခများအား အသုံးပြုသူမှ တာဝန်ယူကျခံရမည်။
အပိုဒ် ၄။ တားမြစ်ချက်များ

・ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို အသုံးပြုသူသည် အောက်ဖော်ပြပါ အကြောင်းအရာများအား မပြုလုပ်ရပါ။

  • ၁) ဥပဒေများ၊ အများပြည်သူဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ကျင့်ဝတ်များအား ချိုးဖောက်သည့် အပြုအမူများ
  • ၂) ကျွန်ုပ်တို့၏ ဝန်ဆောင်မှုဆိုင်ရာ အကြောင်းအရာများ၊ မူပိုင်ခွင့်များ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်များ၊ ဉာဏပစ္စည်းမူပိုင်ခွင့်ဥပဒေများအား ချိုးဖောက်သည့် အပြုအမူများ
  • ၃) ကျွန်ုပ်တို့ကုမ္ပဏီ၊ အခြားအသုံးပြုသူများ၊ အခြား တတိယပါတီ ဆာဗာများ သို့မဟုတ် ကွန်ယက်များ၏ လုပ်ဆောင်ချက်များအား နှောင့်ယှက်ဖျက်ဆီးသည့် အပြုအမူများ
  • ၄) ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်း သို့မဟုတ် အသုံးပြုရန်ကြိုးစားခြင်း
  • ၅) ကျွန်ုပ်တို့၏ ဝန်ဆောင်မှုဆိုင်ရာ သတင်းအချက်အလက်များအား စီးပွားရေးအရ အသုံးပြုခြင်း
  • ၆) ကျွန်ုပ်တို့ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုအား အဟန့်အတားဖြစ်စေသည့် အပြုအမူများ
  • ၇) မမှန်ကန်သည့် ရည်ရွယ်ချက်များဖြင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအား အသုံးပြုခြင်း
  • ၈) အခြားအသုံးပြုသူအဖြစ် ဟန်ဆောင်ခြင်း
  • ၉) ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအား အသုံးပြုလျက်ရှိသည့် အခြားအသုံးပြုသူများ၊ တတိယပါတီများအား နစ်နာပျက်စီးဆုံးရှုံးစေသော အပြုအမူများ
  • ၁၀) ကျွန်ုပ်တို့ကုမ္ပဏီမှ မသင့်လျော်ဟု သတ်မှတ်သည့် အခြားအပြုအမူများ
အပိုဒ် ၅။ ဝန်ဆောင်မှု ဆိုင်းငံ့ခြင်း

・ကျွန်ုပ်တို့ကုမ္ပဏီအနေဖြင့် အောက်ဖော်ပြပါ အချက်များထဲမှ တစ်ချက်နှင့် ကိုက်ညီပါက အသုံးပြုသူအား အသိမပေးဘဲ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုတစ်ခုလုံး သို့မဟုတ် ဝန်ဆောင်မှုတစ်စိတ်တစ်ပိုင်းအား ဆိုင်းငံ့ခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်း ပြုလုပ်ပါမည်။

  • ၁) ကျွန်ုပ်တို့၏ ဝန်ဆောင်မှုနှင့် ဆက်နွယ်သည့် ကွန်ပျူတာစနစ် ပြုပြင်ထိန်းသိမ်းခြင်း၊ စစ်ဆေးခြင်း ပြုလုပ်ချိန်
  • ၂) ငလျင်လှုပ်ခြင်း၊ မိုးကြိုးလျှပ်စစ်လက်ခြင်း၊ မီးလောင်ခြင်း၊ မီးပျက်ခြင်းနှင့် သဘာဝဘေးအန္တရာယ်ကျရောက်ခြင်း စသည်တို့ကြောင့် ဝန်ဆောင်မှုပေးရန် ခက်ခဲချိန်
  • ၃) မတော်တဆမှုကြောင့် ကွန်ပျူတာ သို့မဟုတ် ဆက်သွယ်ရေးလိုင်းများအား ရပ်တန့်ထားချိန်
  • ၄) သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ချိန်
  • ၅) ကျွန်ုပ်တို့ကုမ္ပဏီမှ ဝန်ဆောင်မှုပေးရန် အခက်အခဲရှိသည်ဟု သတ်မှတ်ချိန်

・ကျွန်ုပ်တို့၏ ဝန်ဆောင်မှုဆိုင်ရာ စီမံထောက်ပံ့မှု၊ ဆိုင်ငံ့မှု၊ ရပ်ဆိုင်းမှုတို့ကြောင့် ဖြစ်ပေါ်လာသည့် အသုံးပြုသူ သို့မဟုတ် တတိယပါတီများ၏ နစ်နာပျက်စီးဆုံးရှုံးမှုများအတွက် တာဝန်ယူမည်မဟုတ်ပါ။

အပိုဒ် ၆။ ဝန်ဆောင်မှုဆိုင်ရာ အကြောင်းအရာများ ပြောင်းလဲခြင်း

ကျွန်ုပ်တို့ကုမ္ပဏီအနေဖြင့် အသုံးပြုသူအား အသိပေးအကြောင်းကြားခြင်းမရှိဘဲ ဝန်ဆောင်မှုဆိုင်ရာ အကြောင်းအရာအချက်အလက်များအား ပြောင်းလဲခြင်း သို့မဟုတ် ဝန်ဆောင်မှုဆိုင်ရာ စီမံထောက်ပံ့မှုများအား ရပ်ဆိုင်းခြင်းတို့ကို ပြုလုပ်နိုင်ပြီး ၎င်းတို့နှင့် ဆက်နွယ်ပြီး ဖြစ်ပေါ်လာသည့် သုံးစွဲသူ၏ ပျက်စီးဆုံးရှုံးမှုများအား တာဝန်ယူမည် မဟုတ်ပါ။

အပိုဒ် ၇။ မူပိုင်ခွင့် နှင့် ကုန်အမှတ်တံဆိပ်

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုဆိုင်ရာ သတင်းအချက်အလက်များ (ကုန်အမှတ်တံဆိပ်၊ အမှတ်အသား၊ စာရွက်စာတမ်း၊ ဓါတ်ပုံ၊ ကာတွန်းရုပ်ပုံ၊ ဗီဒီယို၊ အသံ၊ ဆော့ဖ်ဝဲ စသည်) နှင့် သက်ဆိုင်သည့် မူပိုင်ခွင့်များနှင့် ဉာဏပစ္စည်းမူပိုင်ခွင့်ဥပဒေများအား ကျွန်ုပ်တို့ကုမ္ပဏီမှ ပိုင်ဆိုင်သည်။ အသုံးပြုသူအနေဖြင့် ခွင့်ပြုချက်မရဘဲ ကူးယူခြင်း၊ လွှဲပြောင်းပေးခြင်း၊ ငှားရမ်းခြင်း၊ ဘာသာပြန်ခြင်း၊ ပြောင်းလဲခြင်း၊ ပြန်လည်ဖော်ပြခြင်း၊ ထုတ်လွှင့်ခြင်း၊ ဝေမျှခြင်း၊ ဖြန့်ဖြူးခြင်း၊ ထုတ်ဝေခြင်း၊ စီးပွားရေးအရ အသုံးပြုခြင်းတို့အား တားမြစ်ထားပါသည်။

အပိုဒ် ၈။ ကိုယ်ရေးအချက်အလက်များအား ကိုင်တွယ်ထိန်းသိမ်းခြင်း

ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်ထိန်းသိမ်းမှုမူဝါဒနှင့်အညီ ဝန်ဆောင်မှုများအား အသုံးပြုခြင်းကြောင့် ရရှိလာသည့် ကိုယ်ရေးကိုယ်တာအချက်အလက်များအား ကျွန်ုပ်တို့ကုမ္ပဏီမှ ထိန်းသိမ်းကာကွယ်ပါမည်။

အပိုဒ် ၉။ စာချုပ်နှင့် သက်ဆိုင်သည့် ဥပဒေ၊ တရားစီရင်ပိုင်ခွင့်

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအား ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံများမှ အသုံးပြုနိုင်သော်လည်း အသုံးပြုသူများအနေဖြင့် ဤဝန်ဆောင်မှုကို အသုံးပြုရာတွင် ဂျပန်နိုင်ငံ၏ ဥပဒေများနှင့်အညီ လိုက်နာအသုံးပြုရန် သဘောတူသည်ဟု သတ်မှတ်သည်။ ဝန်ဆောင်မှုအား အသုံးပြုခြင်းနှင့် သက်ဆိုင်သည့် အငြင်းပွားမှုများအားလုံးအတွက် ကုမ္ပဏီ၏ တည်နေရာအပေါ် တရားစီရင်ပိုင်ခွင့်ရှိသည့် တရားရုံးမှ သီးသန့်သဘောတူညီချက်အရ စီရင်ပိုင်ခွင့် ရှိသည်။

အပိုဒ် ၁၀။ ကျွန်ုပ်တို့အားဆက်သွယ်ရန်

အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ပတ်သတ်ပြီး ဆက်သွယ်မေးမြန်းလိုပါက
လိပ်စာ: 14th floor, Ote Center Building, 1-1-3 Otemachi, Chiyoda-ku, Tokyo
ကုမ္ပဏီအမည်: ONODERA LIFE SUPPORT ကုမ္ပဏီလီမိတက်
ဆွေးနွေးရန် အီးမေးလိပ်စာ:reception@onodera-lifesupport.com