OLS家賃保証サービス OLS家賃保証サービス

会員申込

ログイン

လုပ်ငန်းခွင်နှင့် လူမှုဘဝကျင့်ဝတ်များ

အလုပ်လုပ်ရာတွင်အသုံးပြုသော Emailများကိုရေးသားရာတွင် လိုက်နာရမည့်အရာများ။

18.08.2020

အလုပ်လုပ်ရာတွင်အသုံးပြုသော Emailများကိုရေးသားရာတွင် လိုက်နာရမည့်အရာများ။

 

Business mail သည် အလုပ်လုပ်ကိုင်နေသူများအတွက် အရေးကြီးအားအထားရဆုံး ဆက်သွယ်ရေးနည်းလမ်း

တစ်ခုဖြစ်ပါသည်။ Business Mail ကိုအောက်ပါအချက်(၅)ချက်ဖြင့် ခွဲခြားထားပါသည်။

 

①အကြောင်းအရာ

အကြောင်းအရာကို ထည့်ရေးဖို့မမေ့ပါနှင့်။ တစ်ကြိမ်ကြည့်လိုက်ရုံနှင့် နားလည်သဘောပေါက်ပါစေ။ တစ်ဖက်လူ

တွင် လက်ခံရရှိထားသော Received Mail များသည် ၁ခုတည်း မဟုတ်နိုင်သည့်အတွက် ရှာဖွေရလွယ်ကူပြီး အကြောင်းအရာများအလိုက် ခွဲခြားရလွယ်ကူစေရန် ရေးသားပါ။

 

②ပို့မည့်လိပ်စာ

ကုမ္ပဏီအမည်၊ ဌာနအမည်၊ ရာထူးအမည်ကို အတိုမချုံ့ဘဲ အပြည့်အစုံ ရေးပါ။ 「株式会社」ကို(株)လောက်သာ  ရေးသားခြင်းမျိုး မပြုလုပ်ပါနှင့်။

 

③နှုတ်ဆက်စာရေးသားခြင်း

 「Itsumo Osewani natteorimasu.」「Hajimemashite」စသည့် နှုတ်ဆက်စာအရေးအသားများကို တစ်ဖက်လူ၏

အနေအထားအလိုက် ရေးသားပါ။

 

④အကြောင်းအရာ

Email ၏ ဆိုလိုရင်းကို နားလည်စေရန် Email ပို့ရသည့် အဓိက ရည်ရွယ်ချက်မှ စတင်၍ လှပသေသပ်စွာ ရေးသားရပါမည်။ Email လက်ခံမည့်သူသည် များပြားလှသော email များကို ကြည့်နေရသည့်အပြင် ဖန်သားပြင်တွင် ဖတ်ရန် ခက်သည့် တချို့စာလုံးများရှိနိုင်သည့်အတွက် မိမိ ဆိုလိုသည့် အကြောင်းအရာကို ရှင်းရှင်းလင်းလင်း နားလည်စေရန် ရည်ရွယ်ချက်မှ စတင်၍ သေသပ်စွာ အကျဉ်းချုပ်ပြီး ရေးသားပါ။

 

⑤ပေးပို့သူအမည်

မည်သူမည်၀ါမှ ပို့လိုက်သည့် Email ဖြစ်သည်ဆိုတာကို ရှင်းလင်းစွာနားလည်စေရ Email ၏အောက်ဆုံးတွင်

အမည်၊ လုပ်ငန်းဌာနအမည်၊ ဆက်သွယ်ရန်လိပ်စာတို့ကို ပေးပို့သူအမည် နေရာတွင် ထည့်သွင်းရေးသားပါ။

 

မလိုလားအပ်သော အလှဆင်ရေးသားခြင်းများသည် Business mail ရေးသားရာတွင် မသင့်တော်သည့်အတွက် ရှောင်ကြဥ်သင့်ပါသည်။ ပထမဆုံး ရေးသားရာ တွင်ခက်ခဲနိုင်သည့်အတွက် မိမိ၏ စီနီယာနှင့် လုပ်ဖော်ကိုင်ဖက်များအား ကြည့်ရှုစစ်ဆေးခိုင်းခြင်းဖြင့် Email ရေးနည်းကို လေ့ကျင့်သွားကြပါစို့။